Matrix Institute

Apr 22, 20202 min

The Certificate of Documentary Credit Specialists (CDCS)

Updated: Jul 1, 2020

The Certificate of Documentary Credit Specialists (CDCS) ကတော့ ဘဏ်တွေ စီးပွားရေးလုပ်ငန်းတွေရဲ့ Trade, Export/Import Department တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအတွက်တော့ ရင်းနှီးပြီးသားဖြစ်မှာပါ…
 
CDCS certification မှာ အဓိကထားလေ့လာရမယ့် Financial Product တစ်ခုကတော့ Letter of Credit (LC) ခေါ် Documentary Credit တစ်ခုဖြစ်ပါတယ်…
 
LC ကိုဘယ်မှာတွေ အသုံးပြုလဲ…
 
အဓိကအားဖြင့် နိုင်ငံ တစ်ခု နှင့် တစ်ခု ရောင်းဝယ်ကုန်သွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ကုန်သည်တွေ တစ်ဦးနှင့် တစ်ဦး ယုံကြည်စိတ်ချရကြောင်းဆိုတဲ့ ပုံမှန်စာချုပ်စာတမ်းများနှင့် မပြီးစီးတော့ပါဘူး… ဒ့ါ အပြင် ဒေသတွင် ကုန်သွယ်စီးဆင်းမှုနှင့် နိုင်ငံတစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ကြား ကုန်သွယ်စီးဆင်းမှုဟာ အများကြီးကွာခြားသွားပါတယ်… ကိုယ်ဝယ်ယူလိုက်တဲ့ ကုန်ပစ္စည်းက မှာယူလိုက်တာတွေက ကိုယ့်ဆီ နေ့ချင်းရောက်လာမှာ မဟုတ်သလို…. ကိုယ်ရောင်းလိုက်တဲ့ ကုန်ပစ္စည်းကလည်း ပြည်ပက မှာ ယူသူဆီကို ချက်ချင်းဆိုသလိုရောက်သွားမှာမဟုတ်ပါဘူး…
 
ထုတ်လုပ်ဖို့ လိုအပ်ချက် ကြာချိန်၊ နေရာအကွာအဝေးနဲ့ သယ်ယူပို့ဆောင်တဲ့ စနစ်တွေ အပေါ်မှုတည်ပြီး ရက်၊လ ချီပြီးအချိန် အတိုင်းအတာတစ်ခု အထိ ကြာနိုင်ပါတယ်…
 
အချိန်တွေအကြာကြီးထုတ်လုပ်ပြီးမှ ပို့ရမယ့်နိုင်ငံ ဆိပ်ကမ်းလည်းရောက်ရော Order တင်ထားတဲ့လူက မယူတော့ပါဘူးဆိုရင် ထုတ်လုပ်သူ အတွက် အများကြီနစ်နာနိုင်ပါတယ်… ဝယ်ယူသူဘက်ကလည်း အခြေအနေ အကြောင်းအရာတစ်ခုခုကြောင့် Supplier ကို ပေးဖို့ ငွေကြေး အခက်အခဲဖြစ်တဲ့ အခြေအနေမျိုးလည်းရှိတတ်ပါတယ်…
 
ဒီလို supplier ရော Buyer ပါနစ်နာဆုံးရှုံးမယ့် အခြေအနေမျိုးတွေကို ကြိုတင်ကာကွယ်ရန်အတွက် နိုင်ငံတွင်ရှိ ဘဏ်များမှာ ကြားခံအနေနဲ့ Letter of Credit ဆိုတဲ့ Financial Product တွေကို စတင်ဝန်ဆောင်မှုပေးလာကြပါတယ်…
 
ဘဏ်ကနေ လက်ရှိ Buyer ရဲ့ စီးပွားရေးနှင့် ဘဏ္ဍာရေးအခြေအနေကို လေ့လာသုံးသပ်ပြီး သင့်တော်တဲ့ Letter of Credit ကို နိုင်ငံခြားက Supplier သို့ နိုင်ငံခြားက ဘဏ်ကို အာမခံ အနေနှင့် ပေးပို့တဲ့ Document Credit ဖြစ်ပါတယ်…
 
The Certificate of Documentary Credit Specialist (CDCS) မှာ တော့ အထက်ကပြောခဲ့တဲ့ Documentary Credit ခေါ် LC တွေကို ကို ကိုင်တွယ်ရတဲ့ အခါ လိုအပ်တဲ့ Technical Skill တွေ၊ တန်ဖိုးကြီးမားတဲ့ International LC တွေ ကိုဘယ်လိုသတိထား Process လုပ်မလဲ နှင့် ကုမ္ပဏီတစ်ခုနှင့် တစ်ခု စီးပွားကူးသန်းဆက်သွယ်ရာမှာ မဖြစ်မနေသိထားသင့်တဲ့ Letter of Credit process တွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်အောင် နောက် ကိုယ်ရဲ့ Customers များ နှင့် မိမိတို့ စီးပွားရေးလုပ်ငန်များကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်အောင် အဓိကထား လေ့လာသင်ယူရမယ့် နိုင်ငံတကာအသိအမှတ်ပြု Qualification တစ်ခုဖြစ်ပါတယ်..
 
CDCS သင်တန်းကိုတက်ခြင်းအားဖြင့်
 
လက်တွေ့လုပ်ငန်းခွင်မှာရှိတဲ့ LC လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ခြင်း
 
LC တွေရဲ့ ရှုပ်ထွေးခက်ခဲမှုတွေ၊ လက်တွေ့ဗဟုသုတတွေကိုကောင်းမွန်စွာသိရှိနားလည်ခြင်း
 
Doucmentary Credit Transaction တွေမှာပါဝင်တဲ့ စာရွက်စာတမ်းတွေကို ကျွမ်းကျင်စွာစစ်ဆေးနိုင်ခြင်း
 
LC Process ကြီးတစ်ခုလုံးမှာပါဝင်တဲ့ Parties, Procedures, Rules, Products များကို သိရှိနိုင်ခြင်း
 
LC Process အတွင်းမှ Risk and Frauds များကိုသိရှိသတိထားမိနိုင်ခြင်း
 
စတဲ့အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါတယ်…
 
CDCS Qualification ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ Professionals တွေ အတွက်လည်းမဖြစ်မနေတက်ရောက်သင့်တဲ့ သင်တန်း တစ်ခုဖြစ်ပါတယ်…
 
အချိန်အများကြီးပေးစရာမလိုဘဲ Exam Focus Lessons, Mock Examများ ပါဝင်ပြီးသားဖြစ်တဲ့ အတွက်…. သင်တန်းပြီးတာနှင့် CDCS Exam ဖြေဆိုဖို့အတွက် Ready ဖြစ်နေမှာဖြစ်ပါတယ်…
 
---------------------------------
 
International Certificate of Documentary Credit Specialists qualification ကိုဖြေဆိုဖို့ ပြင်ဆင်နေတဲ့ Candidates များအတွက် Matrix Institute of Professionals ကနေပြီး CDCS Exam Prep Program(Smart Learning Class) ကို May လ ၂ ရက်နေ့ မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်…
 
(Smart Learning Class) ဆိုတာ
 
Matrix မှာ ပင်တိုင်သင်ကြားနေတဲ့ Lead Instructor များ ကိုယ်တိုင် Online က နေတဆင့် စာ တွေ့လက်တွေ့များ ပေါင်းဆက်ကာသင် ကြားပို့ချသွားမည့် အပြင် Two Way Communication ရရန်အတွက် Conferencing method ဖြင့်သင် ကြား ပေး ခြင်း၊ (သို့) Facebook private group မှတဆင့် Live Session များထည့်သွင်းသင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။
 

 
အဓိက Oct လမှာ Exam ဖြေဆိုဖို့ပြင်ဆင်နေတဲ့ Candidate တွေအတွက်
 
သင်တန်းမှာ
 
Practical Questions Exam Questions
 
Supporting Document & Revision, နဲ့
 
မေးခွန်းများကို သေချာနားလည်သဘောပေါက်စေရန်အတွက် Mock exam များ၊ case study များပါဝင်မှာ ဖြစ်ပြီး
 
အဓိကသင်ကြားပို့ချမည့် Lectures များကတော့ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော CDCS qualification ကိုကိုင်ဆောင်ထားပြီး လက်ရှိ UAB Bankရဲ့ Head of Corporate Banking အဖြစ်တာဝန်ထမ်းဆောင်နေသော ဆရာမ ဒေါ်သန္တာထိုက် (MBA, CDCS) နှင့် Assistant Director, Head of Trade Finance အဖြစ်တာဝန်ထမ်းဆောင်နေသော ဆရာဦးဝင်းနိုင်ဌေး(CDCS, MBF) တို့ကအဓိကသင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်… -
 
Content Overview
 
• Types, characteristics and uses of documentary credit and standby letters of credit.
 
• Rules and trade terms.
 
• Parties to documentary credit transactions and their roles and obligations.
 
• Types and methods of payment / credit used in documentary credit transactions.
 
• Types of transport, commercial and financial documents used in documentary credit transactions.
 
• Related products including letters if indemnity.
 
• Implications of breaching rules including money laundering and terrorist financing
 
သင်တန်းအချိန်
 
Date – 2nd May 2020
 
Time – Saturday 09:00 am to 12:00 pm
 
Sunday 04:00 pm to 07:00 pm
 
Exam Information
 
Exam date - October 2019
 
Registration Fee - £580
 
Exam Resit Fee - £347
 
Deferred Exam (from previous cycle) - £145
 
Intensive Exam Prep Program ဖြစ်တဲ့ အတွက် ကျောင်းသာဦးရေ အကန့်အသတ်ရှိမှာ လို Seat နေရာအတွက် အောက်ကလင့်ခ်မှာ ကြိုတင်ပြီး Register လုပ်ထားလို့ရပါတယ်။
 
https://docs.google.com/forms/d/e/1FAIpQLSfB10iJ_wvuQ9qMLBGsr7-PR2GJwdZcyV5YUPIw4h0GB3Oshw/viewform
 
--------------------------
 

 
အသေးစိတ်သိရှိလိုပါကဆက်သွယ်ရန် ဖုန်း
 
01 8245660, 09 445533 288-289
 
ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
 
Matrix Institute of Professionals
 
Room: D-E, Level 2, Bld No: 182-194, Botahtaung Pagoda Road, Pazundaung Township, Yangon, Myanmar.

    190
    0