Matrix Institute
Jun 8, 20202 min
Updated: Jul 1, 2020
𝘞𝘩𝘢𝘵 𝘢𝘳𝘦 𝘋𝘦𝘳𝘪𝘷𝘢𝘵𝘪𝘷𝘦𝘴? 🧐 🧐
Financial Securities တွေရယ်လို့ ပြောလိုက်မယ်ဆိုရင် တော်တော်များများက bond တွေ၊ stock တွေကို ပြေးမြင်ကြပေမယ့် Derivatives ကိုတော့ မရင်းနှီးကြပါဘူး။
Derivatives ဆိုတာ အထက်မှာဖော်ပြထားတဲ့ financial securities တွေပေါ်မှာ အခြေခံပြီးရရှိလာတဲ့ နောက်ထပ် Secondary Securities တစ်ခုပါပဲ။ တစ်နည်းအားဖြင့် Financial Contract လို့လည်းခေါ်လို့ရပါတယ်။
နားလည်လွယ်အောင် ဥပမာပေးရမယ်ဆိုရင်တော့ မြန်မာကုမ္ပဏီ တစ်ခု ဟာ United States က ကုမ္ပဏီတစ်ခုကို Export လုပ်တယ်ဆိုပါစို့။
နောက်(၃)လမှာ US ကုမ္ပဏီကနေ $15 million ရဖို့ရှိမယ်ဆိုရင် သူ့အနေနဲ့ currency exchange rate အပြောင်းအလဲတွေကို စိုးရိမ်တဲ့အတွက် နှစ်ဦးသဘောတူ exchange rate တစ်ခု ကိုသတ်မှတ်ပြီး စာချုပ်တစ်ခု ချုပ်ပြီး exchange rate ကြောင့်ဖြစ်ပေါ်လာနိုင်တာ risk တွေကို ကြိုတင်လျော့ချလိုက်တာမျိုး ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် derivatives မှာဆိုရင် ဒါဟာ forward contract ချုပ်ဆိုလိုက်တာပါ။
ဒါဟာ Export/Import trading ကုမ္ပဏီ တွေ၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့ တွဲဖက်အလုပ် လုပ်ကိုင်နေတဲ့သူတွေ ပြုလုပ်နေကြပါ။
ဒီလို ချုပ်ဆိုလိုက်တဲ့အတွက် Exporter ဖက်ကလဲ dollar rate ကျခဲ့ရင်တောင် အရှုံးမရှိသလောက် နည်းသွားနိုင်ပါတယ်။
အပေါ်က ဥပမာမှာဆိုရင်တော့ exchange rate က Derivatives ရဲ့ underlying asset ပေါ့။
များသောအားဖြင့် equities, fixed-income securities, interest rates, currencies, commodities, credit နဲ့ တခြားသော diverse underlying တွေဟာ derivatives ဖြစ်ပေါ်စေတဲ့ financial underlying assets တွေပါ။
𝘛𝘺𝘱𝘦𝘴 𝘰𝘧 𝘋𝘦𝘳𝘪𝘷𝘢𝘵𝘪𝘷𝘦𝘴 👇 👇
Derivatives အမျိုးအစားက ယေဘုယျအားဖြင့် forward commitment နဲ့ contingent claim ဆိုပြီးတော့ (၂) မျိုးရှိပါတယ်။ forward commitment မှာမှ Forward contract, Future contract နဲ့ swap၊ contingent claim မှာမှ options ဆိုပြီးပြန်ခွဲထားပါတယ်။
𝘈𝘥𝘷𝘢𝘯𝘵𝘢𝘨𝘦𝘴 & 𝘋𝘪𝘴𝘢𝘥𝘷𝘢𝘯𝘵𝘢𝘨𝘦𝘴 𝘰𝘧 𝘋𝘦𝘳𝘪𝘷𝘢𝘵𝘪𝘷𝘦𝘴
Derivatives တွေရဲ့ အားသာချက်တွေနဲ့ ဘာကြောင့် အသုံးပြုကြသလဲ။
▶️ Hedging Risk Exposure - အထက်မှာပြောခဲ့သလိုပဲ derivatives ရဲ့တန်ဖိုးဟာ သူ့ကိုဖြစ်ပေါ်စေတဲ့ Underlying Assets တွေရဲ့ တန်ဖိုးနဲ့ ချိတ်ဆက်နေတဲ့အတွက် Derivative Contracts တွေရဲ့ မူလရည်ရွယ်ချက်ကိုက Risk ကိုကာကွယ် လျှော့ချဖို့ပါပဲ။ အပေါ် ဥပမာက Export ကုမ္ပဏီက Derivatives အသုံးပြုပြီး သူ့ရဲ့ Receivables Risk ကို လျှော့ချသလိုပေါ့
▶️ Underlying Asset Price Determination - Derivatives တွေကို Underlying Asset တွေရဲ့ ဈေးသတ်မှတ်တဲ့နေရာမှာလည်း သုံးနိုင်ပါတယ်။ ဥပမာ Futures Contract ရဲ့ Spot Price ကို Commodity ရဲ့ ခန့်မှန်းဈေးအဖြစ် သတ်မှတ်သလို ဖြစ်ပါတယ်။
▶️ Market Efficiency - Risk ကိုလျှော့ချနိုင်တဲ့အတွက် ဈေးကွက်ထဲမှာ အလုပ်လုပ်ကိုင်ရတာ ပိုလွယ်ကူလာပါတယ်။ Physical Commodities
▶️ Access to Unavailable Assets Or Markets - Market ထဲမှာ တိုက်ရိုက်မဝယ်ယူနိုင်တဲ့ assets တွေကို derivatives သုံးပြီးဝယ်နိုင်ပါတယ်။
𝘋𝘪𝘴𝘢𝘥𝘷𝘢𝘯𝘵𝘢𝘨𝘦𝘴 𝘰𝘧 𝘋𝘦𝘳𝘪𝘷𝘢𝘵𝘪𝘷𝘦𝘴
▶️ High Risk - Derivatives ကို Risk တွေလျှော့ချဖို့သုံးတယ်ဆိုပေမယ့် Derivatives တွေအသုံးများပြီး ဖောင်းပွလွန်းရင်လဲ Risk များသွားတတ်ပါတယ်။
▶️ Speculation - Derivatives တွေကို ဈေးကစားဖို့အတွက် တချို့သော Trader တွေက အသုံးပြုလေ့ရှိပါတယ်။ Derivatives ရဲ့ Nature ကိုက Risk များအတွက် အလွန်အကျွံ အဆမတန်တဲ့ ဈေးမျိုးတွေနဲ့ ကစားမယ်ဆိုရင်လဲ loss များစေနိုင်ပါတယ်။
▶️ Counterparty risk - Risk ကိုကာကွယ်ဖို့ Derivatives ကို အသုံးပြုကြတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ Derivatives မှာ Party တစ်ခုက အကျိုးအမြတ်ရသွားတိုင်း တခြား တစ်ဖက်က Contract အတိုင်း လျော်ပေးနိုင်လားဆိုတဲ့ Counterparty Risks တွေက ရှိနေတတ်ပါတယ်။
ဒီ post မှာ ပြောပြထားတာကတော့ derivative ရဲ့ အကြောင်းအရာ အကြမ်းဖျဉ်းလေးပဲဖြစ်ပါတယ်။ derivatives ကို စိတ်ဝင်စားတယ် ဒီထက်ပိုပြီးလေ့လာချင်တယ်ဆိုသူတွေအတွက် Matrix Institute of Professionals မှာ professor Dr. Hla Theingi ကိုယ်တိုင် သင်ကြားပေးမယ့် Introduction to Derivatives course မှာ derivatives ဆိုင်ရာ Financial Instruments တွေ အကြောင်းကို သေချာနားလည်အောင်သင်ကြားပေးမှာဖြစ်ပါတယ်။ အသေးစိတ်ကို အောက်ကလင့်ခ်တွင်ကြည့်ပါ။
အသေးစိတ်သိရှိလိုပါက
01 8245660, 09 445533 288-289
ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
-
Matrix Institute of Professionals
Room: D-E, Level 2, Bld No: 182-194, Botahtaung Pagoda Road, Pazundaung Township, Yangon, Myanmar.