top of page

How hard is the CFA exam?



CFA Program ရဲ့ ခက်ခဲမှုအကြောင်းကို စပြီးမပြောခင်မှာ ပထမဆုံးအနေနဲ့ CFA ရဲ့ exam structure ကို ပြောပြချင်ပါတယ်။ ၂၀၂၀ မှစတင်ပြီးတော့ CFA institute မှနေပြီးတော့ paper-based testing ပုံစံနဲ့ စစ်ဆေးနေရာကနေ ၂၀၂၁ February Level I exam ကနေစပြီး computer-based testing ကိုပြောင်းသွားခဲ့ပါပြီ။ COVID-19 ကာလဖြစ်တာကတစ်ကြောင်း၊ အရင်ထဲက CFA Level I ကို computer-based ပြောင်းမယ်လို့ ကြေညာထားတာကြောင့်ရော ၂၀၂၁ မှာတော့ CFA exam structure ကိုပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။


ယခင်က CFA Level I ကို တစ်နှစ်တွင် နှစ်ကြိမ်သာဖြေဆိုခွင့်ရှိရာ၊ ယခု ၂၀၂၁ မှစ၍ တစ်နှစ်တွင် လေးကြိမ်ပြောင်းလဲဖြေဆိုနိုင်ပြီဖြစ်ပါတယ်။ CFA Level I ကို ၂၀၂၀ ဒီဇင်ဘာနှင့် ဖေဖော်ဝါရီ၊ မေ၊ ဩဂုတ်နှင့် နိုဝင်ဘာ ၂၀၂၁ တွေမှာ ဖြေဆိုနိုင်မှာပါ။


ဖြေဆိုရမည့် question ပုံစံကတော့


paper-based testing နဲ့မတူတော့ဘဲ first session နဲ့ second session ခွဲပြီးဖြေရမှာဖြစ်ပြီး session တစ်ခုကို ၂နာရီနဲ့ ၁၅မိနစ်သာဖြေဆိုရမှာဖြစ်ပါတယ်။ session တစ်ခုစီမှာ Multiple choice questions (၉၀) ခုစီဖြေဆိုရမှာဖြစ်ပါတယ်။


Level II နှင့် Level III ကိုတော့ ယခင်က တစ်နှစ်တွင် တစ်ကြိမ်သာဖြေဆိုခွင့်ရှိခဲ့ရာ ယခု ၂၀၂၁ မှစတင်ပြီး တစ်နှစ်တွက် နှစ်ကြိမ်ဖြေဆိုနိုင်ပြီဖြစ်ပါတယ်။ CFA Level II နဲ့ Level III ကိုတော့ မေ နဲ့ ဩဂုတ် ၂၀၂၁ မှာဖြေဆိုနိုင်မှာပါ။ ယခင် paper-based မှာ ခြောက်နာရီကြာဖြေခဲ့ရပြီး computer-based မှာတော့ လေးနာရီနဲ့ မိနစ် (၃၀) သာဖြေဆိုရမှာပါ။



Review from past exam taker


CFA exam ကခက်သလား? လူတိုင်းလေ့လာနိုင်မလားဆိုတဲ့ မေးခွန်းတွေကတော့ လူတိုင်း ဒီ program ကိုစတင်လေ့လာမယ်ဆိုတိုင်း တွေးမိတဲ့အချက်ပဲဖြစ်မှာပါ။ ဒီမေးခွန်းကိုဖြေဖို့ကတော့ အရင်ဦးဆုံး လေ့လာမယ့်သူရဲ့ education background ကို ထည့်ပြီးစဉ်းစားရမှာပါ။ လေ့လာမယ့်သူက finance background (သို့မဟုတ်) finance ကိုလေ့လာနေတဲ့သူဆိုရင်တော့ CFA program ကိုလေ့လာဖို့က တခြား background တွေကနေ career ပြောင်းလဲလာတဲ့သူထပ်တော့ ပိုပြီးလွယ်ကူမှာပါ။ အရှေ့ရှေ့က CFA ကို ဖြေဆိုထားတဲ့သူတွေရဲ့ ပြောပြချက်အရတော့ တချို့သော သူတွေအတွက် level I ထပ် level II ကိုခက်တယ်လို့ပြောကြသလို၊ တချို့တွေအတွက်တော့ CFA Level I ကပိုပြီးခက်တယ်လဲဆိုကြပါတယ်။ ဒါကလဲ မိမိရဲ့ ကျွမ်းကျင်မှုရှိတဲ့အပိုင်းနဲ့ လေ့လာထားတဲ့ background ပေါ်မှာမူတည်မယ်လို့ယူဆရပါတယ်။


ဒါ့အပြင် CFA program ဟာ master equivalent level ဖြစ်ပါတယ်။ ကိုယ်တိုင် self-study လုပ်ပြီး လေ့လာတာပဲဖြစ်ဖြစ်၊ online learning platform တစ်ခုခုကနေ လေ့လာတာပဲဖြစ်ဖြစ်၊ level တစ်ခုကိုလေ့လာဖို့ study hours သုံးရာလောက် commitment ပေးဖို့လိုပါတယ်။ ဒါ့အပြင် curriculum က foreign language နဲ့သင်တာဖြစ်ပြီး finance areas တော်တော်များများကို cover ဖြစ်အောင် ထည့်ထားတဲ့အတွက် ကိုယ်ကိုတိုင်တကယ် ဆုံးဖြတ်ချက်ချပြီး အချိန်ပေးနိုင်မှသာ ရေရှည်မှာအဆင်ပြေနိုင်မှာဖြစ်ပါတယ်။ တကယ်လို့သင်ဟာ အလုပ်လုပ်နေတဲ့ professional တစ်ယောက်သာဖြစ်မယ်ဆိုရင် အလုပ်တစ်ဖက်၊ မိသားစုတာဝန်တွေကတစ်ဖက်နဲ့ နာရီပေါင်း သုံးရာကလည်းစာကြည့်ဖို့ ဖယ်ရဦးမယ်ဆိုတာ တကယ်ကိုမလွယ်ကူတဲ့အလုပ်ပါ။



ဒါပေမယ့် CFA Qualification ကို ဘာလို့ လေ့လာလိုက်စားနေကြပါသလဲ။


Finance Professional တွေအတွက် Gold Standard အဖြစ် မှတ်ကျောက်တင်ထားရတဲ့ Global Qualification တစ်ခုဖြစ်လို့ပဲဖြစ်ပါတယ်။ Level 1 ကို လေ့လာဖူးသူတိုင်းဟာလည်း Finance ကို နက်နက်နဲနဲ မြင်သွားကြတယ်၊ စဉ်းစားပုံတွေ ပြောင်းသွားကြတယ် ဆိုပြီး ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ Finance Qualification တွေနည်းပါးတဲ့ အချိန်မျိုးမှာ CFA Qualification ဟာ ပြည်တွင်းပြည်ပ လုပ်ငန်းကြီးများ၊ အလုပ်ရှင်များရဲ့ Finance Professional များ ရွေးချယ်ရာမှာ အသုံးပြုတဲ့ ပေတံ တစ်ချောင်းဖြစ်လာပါပြီ။ဇွဲ၊ လုံ့လ၊ ဝီရိယ နဲ့အတူ မိမိအချိန်ကို သေချာ စီမံခန့်ခွဲခြင်း၊ ကျွမ်းကျင်ပညာရှင်များ၊ CFA လမ်းကြောင်းလျှောက်ထားသူများရဲ့ အတွေ့အကြုံ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာခြင်း စတာတွေနဲ့ အတူ CFA အောင်မြင်မှုဟာ မိမိရဲ့ လက်တကမ်းမှာသာ ရှိနေတာ တွေ့ရမှာပါ။

ဒါ့အပြင် သင်ဟာကိုယ်တိုင်အချိန်ကို စီမံခန့်ခွဲတဲ့နေရာမှာလည်းတော်တယ်၊ Kaplan, Wiley ကဲ့သို့သော online platform exam prep provider ကောင်းကောင်းမျိုးနဲ့လေ့လာတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်စာပြန်ဖတ်တဲ့အချိန်မှာ ပိုမိုအဆင်ပြေစေဖို့အတွက် experienced instructors တွေကိုယ်တိုင် သင်ကြားလမ်းညွှန်မှုကို ခံယူတာမျိုးပဲဖြစ်ဖြစ်၊ အချိန်ပေးလေ့လာနိုင်မယ်ဆိုရင်တော့ တကယ်ကို အဖိုးတန်တဲ့ designation တစ်ခုကို ရယူဖို့က ထင်သလောက်မခက်ခဲတော့ပါဘူး။



47 views0 comments

Recent Posts

See All
bottom of page