top of page

Investing in your future with AAT

Updated: Jun 17, 2021




Accounting & Finance industry မှာ နိုင်ငံတကာအသိအမှတ်ပြုလက်ခံထားပြီးသား Certifications တစ်ခုဖြစ်တဲ့ AAT ကတော့ UK အခြေစိုက် Association of Accounting Technicians (AAT) အဖွဲ့အစည်းကပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။


၁၉၈၀ ခုနှစ်မှာ Institute of Accounting Staff (IAS) နှင့် the Association of Technicians in Finance and Accounting (ATFA) လူသိများတဲ့ အဖွဲ့အစည်းနှစ်ခုဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးနှင့် စာရင်းအင်း အခန်းကဏ္ဍမှာ လိုအပ်နေ Accounting Technicians လူစွမ်းအားအရင်းအမြစ်အတွက် ဖြည်းဆည်းပေးရန်ရွယ်ပြီး Association of Accounting Technicians (AAT) အဖွဲ့အစည်း အဖြစ် စတင်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။


လက်ရှိမှာတော့ Accounting Professionals ပေါင်း ၁၅၀,၀၀၀ ကျော် အောင်မြင်စွာပြုစုမွေးထုတ်နိုင်ခဲ့ပြီး AAT Certified အဖွဲ့ဝင်တွေဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းအမျိုးမျိုးရဲ့ accountancy, tax နှင့် business advisory services အခန်းကဏ္ဍများမှာ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။



AAT မှာ ဘာတွေလေ့လာရမလဲ ?


AAT Certified Accounting Technician (also known as MAAT) တစ်ဦးဖြစ်ဖို့ ဆိုရင် AAT Level 2(Exemption Available),3,4 ကို အောင်မြင်ပြီးစီးဖို့လိုအပ်ပါတယ်။ အသေးစိတ်ကို အောက်မှာလေ့လာလို့ရပါတယ်။


AAT Level 1 Award in Accounting Access


စာရင်းအင်းပညာနဲ့ ပတ်သက်ပြီး လုံးဝ အခြေအခံမရှိတဲ့ သူတွေအတွက် မှသာ ဒီကနေစတင်ပြီး လေ့လာဖို့လိုအပ်ပါတယ်။


လေ့လာရမယ်ဘာသာတွေကတော့

  • Mathematics for Accounting

  • CBT Essential Accounting Procedures

  • Creating Business Documents

  • Accounting in a Professional Environment

(မည်သူမဆို Level 2 မှ စတင်ပြီး လေ့လာလို့ရပါတယ်)


AAT Level 2 Foundation Certificate in Accounting


လေ့လာရမယ်ဘာသာတွေကတော့

  • Bookkeeping Transactions

  • Bookkeeping Controls

  • Elements of Costing

  • Using Accounting Software

  • Work Effectively in Finance

LCCI level 1,2 တက်ရောက်ပြီးစီးထားတဲ့ သူများအတွက် AAT Level 3 မှ စတင်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။


AAT Level 3 Advanced Diploma in Accounting


  • Advanced Bookkeeping

  • Final Accounts Preparation

  • Management Accounting: Costing

  • Indirect Tax

  • Ethics for Accountants

  • Spreadsheets for Accounting

AAT Level 4 Professional Diploma in Accounting


ရှေ့က Level တွေနဲ့ မတူတာက ဘာသာ ၆ ခု (Major ၄ ခု၊ Minor ၂ ခု) လေ့လာရမှာဖြစ်ပါတယ်။

လေ့လာရမယ်ဘာသာတွေကတော့


Major

  • Management Accounting: Budgeting

  • Management Accounting: Decision and Control

  • Financial Statements of Limited Companies

  • Accounting Systems and Controls

Optional

  • Business tax

  • Personal tax

  • External auditing

  • Cash and Treasury Management

  • Credit Management


Level တစ်ခုကို ၆ လ က နေ ၁ နှစ်အထိတော့ လေ့လာဖို့ အချိန်ပေးရမှာ ဖြစ်ပြီး Level 4 အတွက်ဆို အချိန်ပိုပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကတော့ Candidate တွေရဲ့ သင်ယူလေ့လာနိုင်စွမ်းပေါ်မူတည်ပြီး ကွားခြားသွားမှာဖြစ်ပါတယ်။


Level 4 ကိုဖြေဆိုအောင်မြင်ပြီး လိုအပ်တဲ့ Work Experience နဲ့ ပြည့်မှီတဲ့ Candidate တွေဟာ

Full membership (MAAT) ကိုလျှောက်ထားလို့ရပါတယ်။


အခြား Accounting qualification များ အတွက် AAT Exemption အသေးစိတ်ကို အောက်ကလင်ခ့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။


AAT ရဲ့ အဓိကထူးခြားချက်?


ပထမတစ်ချက်ကတော့ Synoptic Assessment၊ AAT Certification Levels တိုင်းမှာ Candidate တိုင်းဟာ ကိုယ်လေ့လာခဲ့တဲ့ သင်ခန်းစာတွေ အပေါ် ဘယ်လောက်နားလည်မှုရှိလည်းဆိုတာကို လက်တွေလုပ်ငန်းခွင် example တွေ၊ Case Study တွေနဲ့ ပြန်လည်စစ်ဆေးတဲ့ Assessment Exam ဖြစ်ပါတယ်။ Synoptic assessment ကို ဖြေဆိုအောင်မြင်ပြီးတဲ့ကျောင်းသားတိုင်းဟာ သင်တန်းပြီးတာနဲ့ အလုပ်ခွင်ထဲ ဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ အဆင့်သင့်ဖြစ်နေပြီးလို့ သတ်မှတ်လို့ရပါတယ်။


နောက်တစ်ချက်က တခြား Accounting & Finance Qualification မှာ ပါလေ့မရှိတဲ့ Fintech (finance technology) အပိုင်ကိုပါ အားဖြည့်ထည့်သွင်းထားတယ်။ ယနေ့ခေတ်လို သတင်းအချက်အလက်တွေ အရှိန်အဟုတ်နဲ့ စီဆင်း လည်ပတ်နေတဲ့အချိန်မှာ စာရင်ကိုင်ပညာရှင်တစ်လျှောက်အနေနဲ့ လုပ်ငန်းရဲ့ များပြားလှတဲ့ ဘဏ္ဍာရေးစာရင်းအချက်အလက်တွေကို manual ဖြည့်သွင်းတတ်ရုံနဲ့ လုပ်ငန်းခွင်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။


AAT Qualification Program မှာတော့ Finance & Accounting Professionals တိုင်းသိထားသင့်တဲ့ Fintech Accounting Software အသုံးပြုပုံ တွေအပြင် စာရင်းကိုင်ပညာရှင်တိုင်းရဲ့ လက်ဆွဲ Excel Spreadsheet တွေ ကိုအသုံးချပြီး Business Performance မြှင့်တင်လို့ရမယ်နည်းလမ်းတွေကိုပါ လုပ်ငန်းမှာ လက်တွေပြန်လည်းအသုံးချနိုင်သည်အထိလေ့လာ သင်ယူရမှာဖြစ်ပါတယ်။


ဆက်ပြီး လျှောက်လှမ်းလို့ရမယ့် Professionals Pathway များ နှင့် Available Exemption များ


AAT Certification ကို Level 4 အထိ ဖြေဆိုအောင်မြင်ပြီးသွားတဲ့ Finance & Accounting ပညာရှင် တစ်ယောက်အနေနဲ့ AAT Affiliate universities များမှာ Bachelors, Master Degree Qualification များအတွက် ဆက်လက်လေ့လာခွင့်ရမှာဖြစ်သလို နိုင်ငံတကာ အသိအမှတ်ပြု Chartered Accountant အဖွဲ့အစည်းတွေရဲ့ qualification တွေအတွက် Exemption ခံစားခွင့်များရရှိမှာဖြစ်ပါတယ်။






Exam ဖြေဆိုရမည့်ပုံစံ


AAT အသိအမှတ်ပြု Exam Center များမှာ Register လုပ်ပြီး Computer Based Exam ဝင်ရောက်ဖြေဆိုလို့ရပါတယ်။

On Demand Exam ဖြစ်တဲ့ အတွက် Exam Window အချိန်သတ်မှတ်ချက်မရှိပါဘူး ။


ဘယ်သူတွေ တက်ရောက်လို့ရလဲ (Eligibility)?


စပြီးလေ့လာမယ်သူတွေအတွက် 𝗔𝗔𝗧 မှာ သင်ကြားပို့ချနေသော Accounting Qualification များ၊ Bookkeeping နှင့် အခြား Finance Qualifications များကတော့ အနည်းဆုံး အသက် ၁၆ နှစ်ကစပြီး ပညာအရည်အချင်အကန့်အသက်မရှိဘဲ မည်သူမဆိုတက်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။



ဘာကြောင့် AAT Certification ကိုရယူထားသင့်လဲ?


AAT Certification Holder တစ်ယောက်ဟာ နိုင်ငံတကာမှာ ရှိတဲ့ AAT Community နဲ့ အဆက်အသွယ်ရရှိမှာ ဖြစ်တဲ့အတွက် အခုအချိန်မှာ နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေသာမက နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်မယ့် အခွင့်အရေးများပါရရှိမှာပါ။


ဒါအပြင်ကိုယ်ပိုင် Accounting Firm တစ်ခုတည်ထောင်ချင်တဲ့ Professionals အတွက်လည် နိုင်ငံတကာအသိအမှတ်ပြု AAT Licensed Accountant or AAT Licensed Bookkeeper Service တွေပေးလို့ရမှာဖြစ်တဲ့ အတွက် ပြည်တွင်း လုပ်ငန်းတွေအတွက် Accounting ဝန်ဆောင်မှုလုပ်ငန်းတွေသာမက နိုင်ငံတကာမှာ ရှိ အခြား စီပွားရေးလုပ်ငန်းတွေရဲ့ Outsources Project များကိုပါလက်ခံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Finance & Accounting Professionals တစ်ယောက်ဖြစ်ဖို့ ဆိုတာ ကိုယ်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ ငွေတွေ၊ ခွန်အားတွေ ရင်းနှီမြှပ်နှံပြီးမှသာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ပြီး ကိုယ်ရင်းနှီးမြှပ်နှံခဲ့အတဲ့ အကျိုးကျေးဇူးတွေကိုပြန်ခံစားခွင့်ရမှာဖြစ်ပါတယ်။


ပန်းတိုင်မရောက်ခင် လမ်းတစ်ဝက်မှာ ခါးမပျက်ဖို့ ဆိုတာ သင်တန်းတွေပဲ တစ်ခုပြီးတစ်ခု တက်နေလို့တော့ အဆင်မပြေပါဘူး၊ ပညာလည်းရှာ ဝမ်းဆာလည်ဖြည့်ဖို့အတွက် AAT Certification က အထောက်အပံ့ပေးမှာပါ။


AAT Certified Professional တစ်ယောက် ACCA 1 (or) Higher Diploma နဲ့ ညီမျှမှာဖြစ်ပြီး သင်တန်းပြီးတာနဲ့ လုပ်ငန်းခွင်ထဲ့ ဝင်ရောက်ဖို့ အခွင့်အလမ်းများစွာရရှိမှာဖြစ်ပါတယ်။ ဒီလိုမှာသာ ကိုယ်သွားချင်တဲ့ Globally Recognized Finance & Accounting Professionals Career လမ်းကြောင်းကို ပြီးဆုံးအောင် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။


အခုလက်ရှိမှာ AAT အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံရဲ့ Candidate အတွက် Membership Fee ကင်းလွတ်ခွင့် ခံစားခွင့်ပေးထားတာကြောင့် AAT Certificate ကို ရယူဖို့စဉ်းစားနေတယ်ဆိုရင် တော့ လက်မလွှတ်ခံသင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်။



AAT Exam, Membership & Related Fees


Exam


  • Synoptic Assessment fees: £70–80 per assessment

  • Exam fees (By Subject): £46–£53

  • AAT Level 2 and 3 have 5 subjects

  • AAT Level 4 has 6 subjects


Membership


  • Student Admission fee (one-off payment): £49

  • Student Annual membership fee: £91

  • AAT Affiliate membership fee: £134

  • MAAT Admission (one-off payment): £49

  • MAAT Annual membership: £159


Membership Information Detail



နိုင်ငံတကာအဆင့်မှီ AAT Certified Accounting Professionals များ ပေါ်ထွက်လာဖို့ ဆိုတာ သင်တန်းသားရဲ့ လေ့လာမှု ကြိုးစားအားထုတ်မှုတင်မလုံလောက်ပါဘူး။ Authorized AAT Training Service Provider တွေဘက်ကလည်း သင်တန်းသားတွေရဲ့ လိုအပ်ချက်တွေကို စာတွေ့ရော လက်တွေ့ (practical & technical) ပါဖြည်ဆည်းပေးဖို့အရေးကြီးပါတယ်။


အဲ့ဒါကြောင့် AAT အသိအမှတ်အပြု Training Service Provider တစ်ဦးဖြစ်ဖို့ဆိုတာ Association of Accounting Technicians (AAT) အဖွဲ့အစည်းမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအပြင် ကောင်မွန်ပြီးပြည့်စုံတဲ့ သင်ကြားမှုပတ်ဝန်းကျင်တစ်ခုမှာ ရှိရမယ်လို့ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှာ AAT Qualification များကိုသင်ကြားပို့ချခွင့်ရမှာဖြစ်ပြီး နှစ်စဉ် သင်တန်းကျောင်းများအနေနဲ့ စည်းကမ်းလိုက်နာမှုရှိ/မရှိ၊ အရည်အသွေးပြည်မှီမှုရှိမရှိဆိုတာကို စစ်ဆေးတဲ့ လုပ်ဆောင်ချက်တွေရှိပါတယ်။


သင်တန်းသားတွေ အနေနဲ့လည်း အရည်အသွေးပြည့်မှီတဲ့ သင်ကြားမှုတွေရရှိဖို့အတွက်ဆိုရင်တော့ AAT မှာ ကြေငြာထားတဲ့ Authorized Training Providers များကိုသာ ရွေးချယ်တက်ရောက်သင့်တယ်လို့ အကြံပြုထားပါတယ်။


Matrix Institute of Professionals ဟာ အခုလက်ရှိမှာ AAT အသိအမှတ်ပြု Accounting Qualification Training Service Provider တစ်ဦးအဖြစ်ရောက်ရှိခဲ့ ပြီးမကြာခင်မှာ ပြည်တွင်းမှာ ရှိတဲ့ Finance & Accounting Professionals များ နှင့် အခြား ကျောင်းသူကျောင်းသားများအတွက် AAT Certification မှာ Program များကို သင်ကြားပို့ချတော့မှာ ဖြစ်ပါတယ်။



အသေးစိတ်သိရှိလိုပါက ဖုန်း

09 445533 288-289

ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

𝘎𝘳𝘰𝘸 𝘗𝘳𝘰𝘧𝘦𝘴𝘴𝘪𝘰𝘯𝘢𝘭 𝘎𝘳𝘰𝘸 𝘛𝘰𝘨𝘦𝘵𝘩𝘦𝘳

257 views0 comments

Recent Posts

See All
bottom of page