top of page

The Career Journey to CFO (FP&A)

Updated: Feb 3, 2022

CFO တစ်ယောက်ရဲ့ တာဝန်တွေကို အကြမ်းမျဉ်းအားဖြင့်ပြောရရင် ကိုယ်တာဝန်ထမ်းဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ Cash Flow အဝင်အထွက်များကိုလေ့လာစမ်းစစ်ခြင်း… Financial Performance အခြေအနေကိုသေချာလေ့လာသုံးသပ်ပြီး ဆက်လက်လုပ်ဆောင်သင့်တဲ့ Financial Strategy နဲ့ Plan များရေးဆွဲခြင်း အကြံပြုခြင်း… အစရှိတဲ့ တာဝန်များကို အဓိကထမ်းဆောင်ရပါတယ်…


အထက်မှာ ပြောခဲ့တဲ့ function တွေကို Financial Reporting (Controlling), Financial Planning & Analysis (FP&A), Treasury (Liquidity Management) ဆိုပြီ အဓိက core function (၃)မျိုး ခွဲခြားသတ်မှတ်လို့ရပါတယ်…



Financial Reporting နဲ့ပတ်သက်တဲ့ လိုအပ်တဲ့ Skill တွေ အရည်အချင်းတွေကိုဖြည့်ဆည်းပေးမယ့် ACCA, CIMA, CMA အစရှိတဲ့ Certificate တွေနဲ့ မြန်မာနိုင်ငံက Professionals တွေဟာ ရင်းနှီးပြီးသားဖြစ်တဲ့ အတွက် အခြား core နှစ်ခုဖြစ်တဲ့ Financial Planning & Analysis နဲ့ Treasury သက်ဆိုင်တဲ့ Certification တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်….


Association for Financial Professionals (AFP) ဟာ USA အခြေဆိုက် Finance Professional Society တစ်ခုဖြစ်ပြီးနိုင်ငံတကာဘဏ္ဍာရေး နှင့် စီမံခန့်ခွဲရေးလောကတွင် စံနှုန်းတစ်ခုအဖြစ် အသိအမှတ်ပြု လက်ခံထားရသည့် Certified Corporate FP&A Professional (FP&A) နှင် Certified Treasury Professional (CTP) Designation များကို ပေးအပ်ချီးမြှင့်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်…

ဒီ post မှာတော့ AFP က ပေးအပ်တဲ့ Certified Corporate Financial Planning & Analysis (FP&A) Designation အကြောင်းကို အသေးစိတ်ရှင်းပြချင်ပါတယ်…



Certified Corporate Financial Planning & Analysis (FP&A) – လုပ်ငန်းတစ်ခု၏ စီမံကိန်း၊ ဘတ်ဂျတ်၊ အနာဂတ် မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ Financial skills များကို လုပ်ငန်းတွင် လက်တွေ့ အသုံးချနိုင်ရန်အတွက် အဓိကထားလေ့လာရသည့် ပညာရပ် ဖြစ်ပါတယ်…


လုပ်ငန်းတစ်ခုရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ခြင်း၊ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အခြေခံပြီး လုပ်ငန်းအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်မယ့် Financial Plan တွေရေးဆွဲ ခြင်း အစရှိတဲ့ တာဝန်တွေက FP&A Role မှာ တာဝန်ထမ်းဆောင်နေတဲ့ Senior Finance Professionals တွေ၊ CFO တွေရဲ့ အဓိကတာဝန်တွေဖြစ်ပါတယ်…


AFP ရဲ့ FP&A Designation ကတော့ Financial Planning & Analysis အတွက် အဓိက လိုအပ်မယ့် Skill set တွေကို အခြေခံလေ့ကျင့်သင်ကြားပေးမယ့်အပြင် အခြား Degree တွေမှာ ပါလေ့မရှိတဲ့ ဧရိယာများကို coverဖြစ်အောင် စနစ်တကျရေးဆွဲထားတဲ့ Program တစ်ခုဖြစ်တဲ့ အတွက် FP&A Professionals တိုင်းအတွက် လက်လွှတ်မခံဘဲ ရယူထားသင့်တဲ့ Qualification တစ်ခုဖြစ်ပါတယ်…


FP&A Overview

Certified Corporate FP&A Professionals တစ်ယောက်အတွက် လျှောက်လှမ်းနိုင်တဲ့ Career Position များ


  • FP&A Analyst


  • Senior FP&A Analyst


  • Finance Manager


  • Director/VP, FP&A


  • CFO


Certified Corporate FP&A Professionals ဖြစ်ဖို့ ဘာတွေလိုမလဲ?



Entry level Requirement

အနည်းဆုံး ဘွဲ့ လက်မှတ် Degree တစ်ခုကိုဆောင်ထားသူ (သို့) အခုလက်ရှိတွင် finance နှင့် သက်ဆိုင်သော finance, accounting, economics or business major တစ်ခုခုတွင်လေ့လာသင်ယူလျက်ရှိပြီး နှစ်အတွင်း Graduate ဖြစ်တော့မည့် ကျောင်းသူကျောင်းသားများ မှ စ၍ FP&A ကို တက်ရောက်လေ့လာနိုင်ပါတယ်…


*Understand the professional conduct requirement (you will be asked to agree to comply with the AFP Standards of Ethical Conduct *


FP&A Certified ဖြစ်ဖို့အတွက် ဆိုရင်တော့ သက်ဆိုင်ရာ နယ်ပယ် မှာ လုပ်သက် အနည်းဆုံး ၂နှစ် မှ နှစ် အတွင်း ရှိဖို့လိုအပ်ပါတယ်…


အသေးစိတ်လိုအပ်ချက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်…

-

CTP, CPA(USA), CMA, CFA Charteredholder ကိုင်ဆောင်ထားသူများအတွက်ဆိုရင်တော့ FP&A Part 2 ကနေ့ စတင်လေ့လာလို့ရပါတယ်…


ကိုယ်နဲ့ ကိုက်ညီမှုရှိမရှိ အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်…


Matrix Institute of Professionals မှာ ဖွင့်လှစ်သည့် FP&A Exam Prep Program ကို အောင်မြင်စွာပြီးဆုံးသွားတဲ့ Candidates များဟာ


FP&A exam ကို


Part I: Financial Acumen

140 questions | Multiple Choice | 3 testing hours

Domain A: Concepts of Business and Finance – 52-58%

Domain B: Systems and Technology – 17-23%

Domain C: Business Partnering – 22-28%


နှင့်


Part II: Financial Analysis and Business Support

55 questions | Task-Based Simulations and Scenario Analysis Problems | 4 testing hours

Domain A: Analysis and Projections – 37-43%

Domain B: Models and Analytics – 42-48%

Domain C: Business Communication – 12-18%


ဖြေဆိုရမှာဖြစ်ပါတယ်…


အသေးစိတ်လိုအပ်ချက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်…


အသေးစိတ်သိရှိလိုပါက ဖုန်း

-

01 8245660, 09 445533 288-289

ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

-

Matrix Institute of Professionals

Room: D-E, Level 2, Bld No: 182-194, Botahtaung Pagoda Road, Pazundaung Township, Yangon.

696 views0 comments

Recent Posts

See All
bottom of page