top of page

ပန်သီးတစ်လုံးအား Risk Assessment ပြုလုပ်ခြင်း 🍏 🍎

Updated: Jul 1, 2020


ကိုယ်ရဲ့ ဆိုင်မှာ ရောင်းဖို့အတွက် 🍏 🍎 ပန်းသီး အလုံး၁၀၀ ဝယ်ထားတယ်… ပုံမှန် 👩‍🌾 👨‍🌾 Supplier ဆီက ဝယ်ယူတဲ့ ဈေးက ၁ လုံး ၅၀၀ ကျပ်ကျတယ်ဆိုရင် လုပ်ငန်းကုန်ကျစရိတ်တွေအမြတ်တွေထည့်ပေါင်းပြီး ဆိုင်မှာ ၁ လုံးကို ၈၀၀ ကျပ်နဲရောင်းတယ်… 🤔 ဆိုင်မှာ တင်ထားတဲ့ ပန်းသီးအလုံး ၁၀၀ လုံးရောင်းနိုင်တဲ့ အခါမှာ သူအတွက် ဝင်ငွေ ၃၀,၀၀၀ ရမယ်… 🤩 အထက်မှာ ပြောပြခဲ့တဲ့ Scenario က လုပ်ငန်းရဲ့ risk တွေကို ထည့်သွင်းမစဉ်းစားထားတဲ့ Supplier ဆီက ကုန် ပစ္စည်းတွေဝယ်ပြီး ပြန်ရောင်း ပြီး Revenue ဝင်ငွေရတဲ့ Simple Case လေးတစ်ခုပါ… အထက်ကပြောခဲ့တဲ့ case ကို Real World အခြေအနေတွေထဲ့ ပြီး potential risk assessment တွေလုပ်လိုက်မယ်ဆိုရင်… 🧐 ဒီပန်းသီးတွေရောင်းရင် ရမယ့် ဝင်ငွေ ၃၀,၀၀၀ ကျပ်က ကိုယ့်ရဲ့ Potential Reward ဆိုရင်… Potential Risk တွေက ဘာတွေလဲ? 🤕 အထက်ကပြောခဲ့တဲ့ ဝင်ငွေဟာ ကိုယ်မှာ ရှိတဲ့ ကုန်ပစ္စည်းတွေ အကုန်ရောင်းရတဲ့ လို့ယူဆပြီး တွက်ချက်ထားတဲ့ ငွေပမာဏဖြစ်ပါတယ်… တကယ့် Real World မှာ စဉ်းစားမယ်ဆိုရင် ဒီပစ္စည်းတွေ ရောင်းဖို့ ကြာချိန်၊ထပ်တိုးကုန်ကျစရိတ်တွေ ရှိလာမယ်… မရောင်းရတာမျိုးလည်း ရှိနိုင်တယ်။ မရောင်းရဘဲ ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေမှာ ကိုယ်ရဲ့ Initial Investment တွေ ဆုံးရှုံးသွားနိုင်သလို ကိုယ်ရောင်းနေတဲ့ ပစ္စည်းက ပန်းသီးလို အသီးအနှံတွေမဟုတ်တဲ့ အတွက် အလွယ်တကူ လေလွင့်မပျက်စီးနိုင်ဘူးဆိုရင်တောင် နေ့စဉ်လည်ပတ်နေရတဲ့လုပ်ငန်းတစ်ခုအတွက် မရောင်းရလို့ ပစ္စည်းတွေ ပိုက်မိထားတဲ့ အခါ ကုန်ကျစရိတ်များပြီး ဝင်ငွေနည်းပါးတဲ့ ဒဏ်ကိုတော့ အနည်းနဲ့ အများတော့ ခံကြရမှာပဲဖြစ်ပါတယ်… 😨 နောက်ဆုံး ပစ္စည်းတွေအကုန်ရောင်းရသည့်တိုင် မျှော်မှန်းထားတဲ့ အချိန်ထက်ပိုမိုကြာမြင့်တဲ့ အတွက် ထပ်တိုးကုန်ကျစရိတ်တွေ… ရှိလာနိုင်တယ်… ဖြစ်လာနိုင်တဲ့ Risk တွေကို ကြိုတင်မှန်းပြီး သွားရင် နောက်တစ်ဆင့်ကတော့ ကြိုတင်ကာကွယ်တာပါ… 🙅‍♀‍ 🙅‍♂‍ အရောင်းထိုင်းပြီး အမြတ်များတဲ့ ပစ္စည်းတွေကို တစ်ဆိုင်လုံးပြည့်အောင်ဝယ်ထားမယ့် အစား ပုံမှန်ဝင်ငွေရအောင် အရောင်းသွက်ပြီး အမြတ်နည်းတဲ့ ပစ္စည်း အမျိုးအစားတွေတင်ထားမယ်… အလွယ်တကူ ပျက်ဆီးနိုင်တဲ့ Perishable Good တွေအတွက်ဆို Customer တွေရဲ့ Demand အခြေခံပြီး လုံလောက်အောင်ပဲတင်ထားမယ်… ✨ Supplier တွေနဲ့ negotiate လုပ်ပြီး Demand များလာရင် အလွယ်တကူ Stock လိုရအောင်ပြင်ဆင်ထားမယ်… Business က နိုင်ငံခြားနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နေရတဲ့ လုပ်ငန်းမျိုးဆိုရင်မမျှော်လင့်ဘဲဖြစ်လာနိုင်တဲ့ ငွေဈေးနှုန်းအတက်အကျတွေ အတွက် Forward Contracts တွေ Futures Contracts တွေရေးဆွဲပြီး ကြိုတင်ပြင်ဆင်ထားမယ်…. 🧾 အထက်ကပြောခဲ့တာတွေကတော့ foreseeable risk တွေလို့ ပြောလို့ရတယ်… ကိုယ်ရဲ့ လုပ်ငန်းနဲ့ အလုပ်အကိုင် nature တွေကိုလိုက်ပြီး ခန့်မှန်းလို့ရတဲ့ risk တွေပါ… အခုလက်ရှိဖြစ်ပွားနေတဲ့ COVID-19 pandemic လို risk မျိုးဆိုရင် unforeseeable risk လို့ပြောလို့ရပါတယ်… သာမန်လုပ်ငန်းရှင်ပြည်သူများအတွက် ဒီလိုမျိုးအခြေအနေတွေဖြစ်လာမှာ ကိုကြိုတင်မြင်နိုင်ဖို့ မလွယ်ကူသလို ဒီလို Risk မျိုးကို Handle လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်… 😢 ရှေ့မှာ ပြောခဲ့တဲ့ ကြိုတင်မှန်းဆလို့ရတဲ့ Risk တွေနဲ့တင် အနိုင်နိုင်ဖြစ်နေတဲ့ လုပ်ငန်းမျိုးကတော့ အခုလို Global Unforeseeable Crisis မှာ ဆက်လက်ရှင်သန်ကျန်ရစ်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်… ဒါပေမယ့် Riskဆိုတာ ဖြစ်နိုင်ချေ( probabilities ) တွေဆိုတာကိုလည်းမှတ်သားထားသင့်ပါတယ်။ ဖြစ်နိုင်ချေ ၅၀% ဆိုရင် မဖြစ်နိုင်တဲ့အခြေအနေကလည်း ၅၀%ရှိပါတယ်။ ဒါကြောင့် ကိုယ်လုပ်ငန်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ Risk မှန်သမျှကိုတွေးကြောက်ပြီး Extreme Preparation တွေပြင်ဆင်ထားတဲ့ လုပ်ငန်းမျိုးအတွက် additional unnecessary expense တွေကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေဖြစ်ပေါ်တတ်ပါတယ်… 📉 ကိုယ်ရဲ့ လုပ်ငန်း Business နဲ့ သင်တင့်တဲ့ preparation တွေကို လုပ်ဆောင်ဖို့ဆိုတာဟာ လုပ်ငန်းရဲ့ Financial Performance အခြေအနေတွေနဲ့ Risk Management ပညာရပ်ကို သေချာနားလည် သဘောပေါက်ထားဖို့ မရှိမဖြစ်လိုအပ်ပါတယ်… ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်ရဲ့ Business က ဘယ်လောက် ကြံကြံခံရပ်တည်ပြီး 💪 💪 💪 အောင်အောင်မြင်မြင်ဆက်လက်တည်ရှိနေလဲဆိုတာဟာ ကိုယ်ရဲ့ လုပ်ငန်းမှာ ရှိနေတဲ့ Financial Statement တွေဘယ်လောက်ထဲထဲဝင်ဝင်နားလည်လဲ နဲ့ ဖြစ်လာနိုင်တဲ့ Potential Risk တွေအတွက် ကိုယ်ဘယ်လောက်ကြိုတင်ပြင်ဆင်ထားလဲ ဆိုတာတွေက အဆုံးအဖြတ်ပေးသွားမှာပါ.. 😎 😎 😎 ☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️ အထက်မှာပြောခဲ့တဲ့ Risks တွေ အတွက် ဘယ်လို့ ကြိုတင်ပြင်ဆင် Manage လုပ်မလဲ… ဘယ်လိုတွေရှောင်ရှားလို့ရလဲ…. မဖြစ်မနေ ရင်ဆိုင်တွေရမယ့် Risk တွေအတွက် ဘယ်လို Handle လုပ်မလဲ အစရှိတဲ့ မေးခွန်းတွေ အတွက် အဖြေ အပြင်… လုပ်ငန်းမှာ လက်တွေ့ဘယ်လိုပြန်အသုံးချမလဲဆိုတာတွေနဲ့ပတ်သတ်ပြီး ဆရာမ Dr. Hla Theingi,Ph.D (Assumption University)ကိုယ်တိုင် သင်ကြားပိုချမယ့် “Financial Performance and Risk Management” မှာ လေ့လာသင်ယူရမှာဖြစ်ပါတယ်… 🤗🤗🤗 သင်တန်းကိုတော့ အပိုင်းသုံးပိုင်းနဲ့သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်…… 📚📝 1. Sustainable Planning 2. Performance Monitoring and Management 3. Risk Management and Control System ဘယ်သူတွေတက်ရောက်သင့်လဲ….. 🤔 1. SME Owners 2. Finance Managers 3. Operation Managers 4. Matrix မှ Financial Performance --------------------------------------------- 💯 Financial Performance & Risk Management ( Batch – 4) 💯 Date 19-05-2020 Tuesday 06:00 PM to 08:00 PM Saturday 01:00 PM to 04:00 PM 15 hours Fees- 75,000 MMK ------------------------------- ☛ Lecturers: ✦ Dr. Hla Theingi Ph.D (Assumption University) Associate Professor (NMDC) Matrix Finance Program Advisor သင်တန်းကို စိတ်ပါဝင်စားတယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ လည်းဝင်ရောက် registration လုပ်နိုင်ပါတယ်… https://docs.google.com/forms/d/e/1FAIpQLSdfzu7mGiRG2pSb7H7IVKOL1Q6Q2OItjlDMb3nQlHe3fWGN-Q/viewform အသေးစိတ်သိရှိလိုပါက ဖုန်း 01 8245660, 09 445533 288-289 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။ Matrix Institute of Professionals Room: D-E, Level 2, Bld No: 182-194, Botahtaung Pagoda Road, Pazundaung Township, Yangon, Myanmar.

57 views0 comments

Recent Posts

See All
bottom of page