top of page

Internship Opportunities!!!


*Matrix Institute of Professionals ရဲ့ Partner တစ်ဦးဖြစ်တဲ့ A Insurance ရဲ့ Internship Program လေးကို ပြန်မျှဝေပေးလိုက်ရပါတယ်။*





မိမိရဲ့ အချိန်ကို ကိုယ်တိုင်စီမံခန့်ခွဲရင်း၊ လွတ်လွတ်လပ်လပ် အလုပ်လုပ်ရတာကို သဘောကျနှစ်သက်တဲ့သူလား?


ဒါဆိုရင်တော့ A Insurance နဲ့အတူလက်တွဲပြီး အောင်မြင်တဲ့ Insurance Sales Consultant တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် "A Step Forward To Success" ပွဲကို တက်ရောက်လေ့လာဖို့ နွေးထွေးစွာဖိတ်ခေါ်ပါရစေ။


A Insurance ဟာ လုပ်ငန်းခွင်မှာ စဉ်ဆက်မပြတ်သင်ယူလေ့လာမှုကိုအလေးထားတဲ့လုပ်ငန်းတစ်ခုဖြစ်တာနဲ့အညီ ဒီပွဲကနေတစ်ဆင့် လူကြီးမင်းတို့အတွက် အာမခံလုပ်ငန်းဆိုင်ရာ ဗဟုသုတတွေအပြင် ထပ်ဆောင်းဝင်ငွေတိုးစေမယ့် အခွင့်အလမ်းတွေကိုပါ ပြင်ဆင်ထားပါတယ်။


Insurance Sales Consultant အဖြစ်လျှောက်ထားလိုသူတွေအနေနဲ့ တက္ကသိုလ်ဝင်တန်း‌အောင်မြင်ပြီး၊ အင်္ဂလိပ်စာ 4 skills အခြေခံ နှင့် ကွန်ပြူတာ ကျွမ်းကျင်စွာအသုံးပြုနိုင်ရန် လိုအပ်ပါတယ်။ အာမခံနယ်ပယ်မှာ Sales အတွေ့အကြုံရှိထားသူတွေအနေနဲ့ လုံးဝ လက်မလွှတ်သင့်တဲ့ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။


ဒါ့ကြောင့် အောင်မြင်မှုအတွက် ခြေလှမ်းစတင်ဖို့ အသင့်ဖြစ်နေပြီဆိုရင် ဇူလိုင်လ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီမှ (၂) နာရီအတွင်း A Insurance Head Office, Nexus Lounge မှာ ကျင်းပပြုလုပ်မယ့် "A Step Forward To Success" ပွဲကိုတက်ရောက်ဖို့ ဒီ Link (http://bitly.ws/JtLT) ကနေတစ်ဆင့် Register လုပ်နိုင်ပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေနဲ့ စောင့်ကြိုနေမှာမို့ ပွဲတက်ရောက်ဖို့ အခုပဲ Registration ပြုလုပ်လိုက်ပါ။ ပွဲနေ့မှာ မိမိတို့ရဲ့ CV ကိုပါ တစ်ပါတည်း ယူဆောင်ခဲ့ဖို့လည်း မမေ့နဲ့နော်။


နေ့ရက် - ၈.၇.၂၀၂၃ (စနေနေ့)


အချိန် - နေ့လယ် (၁) နာရီ မှ (၂) နာရီ


နေရာ - A Insurance ရုံးချုပ် ၊ Nexus ခန်းမ။


လိပ်စာ - အမှတ် (၁၀၈)၊ တတိယထပ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗိုလ်ချို (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။



#AInsurance #ကျိုးတူရှေ့ဆက် #SalesConsultantRecruiting #CareerDevelopment


104 views0 comments

Recent Posts

See All
bottom of page