top of page

ဘာလို့ FRM ကို ရွေးသင့်တာလဲ?



ကုမ္ပဏီလုပ်ငန်း ဒါမှမဟုတ် ရင်းနှီးမြှပ်နှံမှု (Portfolio) အတွက် Potential Risks တွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး အနည်းဆုံးဖြစ်အောင် ဘယ်လိုလျော့ချနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို အမြဲစဉ်းစားပြီး စိတ်ဝင်စားနေတဲ့လူလား?

ဒါမှမဟုတ် အရင်ကထဲကို Financial Risk Management ဟာ ကိုယ်ဘဝရဲ့ ရည်မှန်းချက် profession တစ်ခုဆိုရင်တော့ 𝐆𝐥𝐨𝐛𝐚𝐥 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐑𝐢𝐬𝐤 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 ကပေးအပ်ချီးမြှင့်တဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐑𝐢𝐬𝐤 𝐌𝐚𝐧𝐚𝐠𝐞𝐫 (𝐅𝐑𝐌) 𝐃𝐞𝐬𝐢𝐠𝐧𝐚𝐭𝐢𝐨𝐧 ဟာ သင်နဲ့ အကိုက်အညီဆုံး Qualification တစ်ခုဖြစ်မှာ သေချာပါတယ်။

ကဲဗျာ FRM Designation ကိုဘာကြောင့်ရယူထားသင့်လဲ ဆိုတာကို ကြည့်ကြည့်ရအောင်..


FRM Designation ကိုဘာကြောင့်ရယူထားသင့်လဲ ဆိုတာကို အချက်လေး (၄) ချက်တွေနဲ့ ဖော်ပြလိုက်ရပါတယ်။


(၁) FRM® certification can help you differentiate yourself.



အချိန်နဲ့ အမျှတိုးတက်ပြောင်းလဲနေတဲ့ Finance Industry မှာ အရည်အသွေးပြည့်မှီပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Risk Management professionals ဝန်ထမ်း တွေလိုအပ်ချက်ဟာ ပိုပြီးများမြင့်မားလာပါတယ်။

ထိုနည်းတူ ကိုဗစ်အလွန် အရှန်အဟုန်နဲ့ပြန်လည်နိုးထာလာနေပြီဖြစ်တဲ့ အလုပ်အကိုင်ရှာဖွေရေး ပြိုင်ဆိုင်မှုတွေကြားမှာ သူများတွေထက်နှာတစ်ဖျားသာချင်တယ်ဆိုရင်တော့ Risk Management industry ရဲ့ ရွှေအချိုး (Gold Standard) လို့ လေးစားတန်ဖိုးထားလက်ခံရတဲ့ FRM Designation ကိုင်ဆောင်ထားဖို့လိုပါမယ်။


Professional accreditation ဖြစ်တဲ့အတွက်လည်းပြည်တွင်းကနေသာမကပဲ ပြည်ပကပါ ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကိုယ့်ဆီရောက်လာမှာပါ … A Stepping Stone into the Professional World လို့တင်စားလို့ရတဲ့ Designation တစ်ခုဖြစ်ပါတယ်။

Where Certified FRMs® Work

  • Risk Analyst

  • Risk Manager

  • Credit risk Analyst

  • Market risk Analyst

  • Regulatory risk Analyst

  • Operational risk manager

  • Risk executive

  • Chief Risk Officer (CRO)

(၂) Curriculum Matter More Than You Think!



ဘယ် ပညာရပ်ကိုပဲ လေ့လာ လေ့လာ ကိုယ်ရွေးချယ်လိုက်တဲ့ Qualification မှာ သင်ယူလေ့လာရမယ့် Subject ‌တွေက ကိုယ်လုပ်ကိုင်မယ့် Industry မှာ ဘယ်လောက်ရာထူးမြင့်မြင့်ရောက်အောင်/ ဘယ်လောက်ထိကျွမ်းကျင်အောင် အထောက်အကူပေးနိုင်မလဲဆိုတာသိဖို့က professionals တိုင်းအတွက် အရေးအကြီးဆုံး အချက်တစ်ခုပါ။

FRM Program ရဲ့ Curriculum မှာလည်း Risk Management Candidate တွေကို

  • potential risks များကို ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီး ပိုမိုကောင်းမွန်အောင် ခွဲခြားသတ်မှတ်လို့ရမလဲ?

  • Identified လုပ်ထားပြီးသား Risk တွေရဲ့ သက်ရောက်မှုတွေ လျော့ပါးသွားအောင် ဘယ်လိုလုပ်မလဲ?

  • ဖြစ်ပေါ်လာနိုင်တဲ့ Risk အားလုံးနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သင့်တော်တဲ့ ဆုံးဖြတ်ချက်များချနိုင်ဖို့အတွက် ဘယ်လို အကြံပြုချက် ပေးနိုင်မလဲ?

  • လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Risk Management Plan ကိုဘယ်လိုတည်ဆောက်မလဲ?

အစရှိတာတွေကို အဓိကထားသင်ကြားပို့ချပေးတယ်။

အဖွဲ့အစည်းတွေအနေနဲ့လည်း Industry Specific လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခန်းကဏ္ဍမှာ Qualified Risk ပညာရှင်တွေကို မရှိမဖြစ်ကိုလိုအပ်တဲ့ အပြင် အရည်အချင်းပြည့်မှီတဲ့ Risk Professional တစ်ယောက်ဟာ Decision Maker တွေအတွက်ရော Client တွေအတွက်ပါ မတူညီတဲ့ ရှုထောင့်ကနေ ထည့်သွင်းစဉ်းစားသင့်တဲ့ Information တွေကိုပေးနိုင်စွမ်းရှိတယ်။

အခြား Qualification တွေနဲ့ မတူတဲ့ အချက်တွေက

  • General Risk assessment ဆိုတာထက် လက်ရှိကြုံတွေနေရတဲ့ အခြေအနေတွေထဲက ဘယ်လို issue တွေကြောင့်ဖြစ်လာတဲ့ risk တွေက လုပ်ငန်းအတွက် အရေးကြီးဆုံးဖြစ်မလဲ၊ ဘယ် issue ကို ဦးစားပေးကိုင်တယ်ဖြေရှင်းရမလဲ?

  • အမြန်ဆုံးနဲ့ ကုန်ကျစရိတ်အနည်းဆုံး စနစ်တကျစီမံခန်ခွဲနိုင်မယ်နည်းလမ်းတွေ?

  • Risk management professionals တိုင်းအတွက် သတိထားရမယ်အချက်တွေ?Risk Management Plan တစ်ခုအောင်မြင်ဖို့အတွက် ဘယ်အချက်တွေက အရေးကြီးလဲ? Team နဲ့ decision maker တွေကို ဘယ်လိုမျိုး အချက်အလက်တွေကို inform လုပ်ပေးထားရမလဲ? Industry best practice တွေကို ဘယ်လိုမျှဝေရမလဲ?

ဆိုတဲ့ အပိုင်းတွေမှာပါရှိနေပြီးသား Skill set တွေအတွက် ထပ်ပြီးအားဖြည့်သင်ကြားပို့ချပေးသွားမယ် Program လည်းဖြစ်ပါတယ်။


အထက်မှာပြောခဲ့တဲ့ Skill တွေဟာ Financial Service Industry မှာ Risk Management Career လျှောက်လှမ်းချင်တဲ့ Candidate တွေအတွက် အင်မတန်ကို တန်းဖိုးရှိတဲ့ skill တွေဖြစ်ပါတယ်။

Industry Specific လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခန်းကဏ္ဍမှာ Qualified Risk ပညာရှင်တွေ မရှိမဖြစ်ကိုလိုအပ်တဲ့ အပြင် အရည်အချင်ပြည့်မှီတဲ့ Risk Professional တစ်ယောက်ဟာ Decision Maker တွေအတွက်ရော Client တွေအတွက် မတူညီတဲ့ ရှုထောင့်ကနေ ထည့်သွင်းစဉ်းစားသုံးသပ်သင့်တဲ့ Information တွေပေးနိုင်တယ်။ FRM Designation ဟာလည်း Candidate တိုင်းအတွက် လိုအပ်မယ့် အရည်အသွေးတွေကို ဘက်စုံထောင့်စုံကနေ ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်တဲ့ Qualification တစ်ခုဖြစ်ပါတယ်။


(၃) Relatively less time consuming




တကယ်တမ်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တန်ဖိုးရှိတဲ့ Internationally Recognized MBA or Master Degree တစ်ခုကိုယူဖို့ဆိုရ်သိန်းရာချီမကကုန်မှာဖြစ်ပြီး အချိန်လည်းနှစ်တော်တော်ကြာပေးရမှာပါ။

FRM Designation အတွက်ဆိုရင်တော့ ခုနကပေးရမယ့် အချိန်တွေငွေတွေထက် အများကြီးသက်သာ

သလို စာလေ့လာဖို့အတွက်အချိန်ပြည့်ပေးစရာမလိုပဲ Weekends မှာပဲဖြစ်ဖြစ် ညနေဖက်မှာပဲဖြစ်ဖြစ် အလုပ်မပျက် လေ့လာသင်ယူနိုင်မယ် ပညာရပ်တစ်ခုလည်းဖြစ်ပါတယ်။


ကိုယ်ရဲ့အလုပ်၊ ကိုယ်တာဝန်ယူထားတဲ့ Department မှာ နဂိုထက်ပိုပြီး အရည်အသွေးမြှင့်တင်ချင်တယ်၊ နောက်ဆုံး အလုပ်အကူးအပြောင်း interview ဖြေမယ်ဆိုရင်တောင်မှ သူလို ကိုယ်လို လူတွေကြားမှာ ထင်ပေါ်ဖို့အတွက်ဆိုရင်တော့ ကိုယ်ရဲ့ ပညာရပ်ကို ကျွမ်းကျင်ရုံနဲ့မလုံလောက်ပါဘူး။


ကိုယ်ရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အချင်းတွေကို နိုင်ငံတကာ အသိအမှတ်ပြု FRM Designation လိုမျိုး Globally Recognized Qualification တွေနဲ့ သေချာ စစ်ဆေးမှတ်ကျောက်တင်ထား နိုင်ဖို့တော့လိုမယ်နော်။


ကိုယ်ရဲ့အားလပ်ချိန်ကို နည်းနည်း ရင်နှီးမြှပ်နှံပြီး FRM လိုမျိုး Designation ကို ရယူထားလိုက်တာဟာ သင့်အတွက် အလုပ်အခွင့်လမ်းများစွာ ယူဆောင်ပေးလာမှာဖြစ်သလို့ အနာဂတ်ကိုယ်တာဝန်ယူရမယ် ရာထူးတာဝန်အတွက် အဆင်သင့်ဖြစ်နေစေမှာပါ။


(၄) Grow your global networking connections and reach




အထက်မှာ ပြောခဲ့သလိုပဲ Risk Management Sector ဟာ Finance industry ရဲ့ အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးနေတဲ့ Sector တစ်ခုဖြစ်သလို အခုလာမယ့် နှစ်တွေအတွင်းမှာလဲ FRM Certification Holders အရေအတွက်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ၃၂,၀၀၀ ကျော် အထိရှိတဲ့ Global Community တစ်ခုအဖြစ် ရောက်ရှိလာပြီဖြစ်ပါတယ်။


FRM ရဲ့ တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာတဲ့ Global Networking Community ကတစ်ဆင့် FRM Candidate တစ်ယောက်ဟာ နိုင်ငံတကာမှာ ရှိနေတဲ့ ကိုယ်နဲ့ နယ်ပယ်တူ အလုပ်အကိုင်တူတဲ့ peers တွေနဲ့ ချိတ်ဆက်ပြီး အသိပညာအတတ်ပညာတွေ မျှဝေ ဆည်းပူနိုင်မယ်၊ Industry Experts တွေရဲ့ Best practices တွေ လေ့လာနိုင်မယ်၊ Global financial market ရဲ့ industry insights၊နောင်လာမယ့် နှစ်တွေမှာဘာဖြစ်မလဲ? Trends အပြောင်းအလဲတွေနဲ့ အတူ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ? စတာတွေကြိုတင်သိရှိနိုင်မှာဖြစ်တဲ့အပြင် International landscape မှာ ပြောင်းလဲ အလုပ်အကိုင်အခွင့်အလမ်း အတွက်ကြိုတင်ပြင်ဆင်ပြီး ကိုယ်ရဲ့ Career လမ်းကြောင်း အဆင့်အတန်းကို မြင့်သထက်မြင့်မားအောင် မြှင့်တင်နိုင်မှာဖြစ်ပါတယ်။


 

အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးတွေက တော့ 𝐆𝐥𝐨𝐛𝐚𝐥 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐑𝐢𝐬𝐤 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐬 (𝐆𝐀𝐑𝐏) က ပေးအပ်ချီးမြှောက်သော 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐑𝐢𝐬𝐤 𝐌𝐚𝐧𝐚𝐠𝐞𝐫 (𝐅𝐑𝐌) 𝐃𝐞𝐬𝐢𝐠𝐧𝐚𝐭𝐢𝐨𝐧 နဲ့ ဘယ်သူတွေတက်ရောက်သင့်လဲ? ဘာတွေလေ့လာရမှာလဲ? ဘယ်သူတွေနဲ့ ကိုက်ညီမလဲဆိုတာလေးကို စုစည်းပြီးဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။


Matrix Institute of Professional ရဲ့ မကြာခင်မှာ ဖွင့်လှစ်မယ့် FRM Exam Prep Program Batch – 2 လေ့အတွက် Register လုပ်ချင်ရင်တော့ အောက်ပါလင်ခ့်လေးမှ တစ်ဆင့် Register ပြုလုပ်နိုင်ပါတယ်။




FRM Exam Prep Program Batch – 2 အသေးစိတ်ကို အောက်ပါလင်ခ်လေးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်




အသေးစိတ်သိရှိလိုပါက ဖုန်း

09 445533 288-289

ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

𝘎𝘳𝘰𝘸 𝘗𝘳𝘰𝘧𝘦𝘴𝘴𝘪𝘰𝘯𝘢𝘭 𝘎𝘳𝘰𝘸 𝘛𝘰𝘨𝘦𝘵𝘩𝘦𝘳

175 views0 comments

Recent Posts

See All
bottom of page