top of page
  • Writer's pictureMay

Inner Peace by Treasury (Working Capital and Liquidity Management)


ဒီနေ့နဲ့ မနက်ဖြန်တွေအတွက် ငွေကြေးပိုင်းဆိုင်ရာကို စိတ်ပူစရာမလိုတဲ့ ဘဝပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ တစ်စိတ်တစ်ပိုင်းအေးချမ်းပါတယ်။

အဲ့ဒီလိုပဲလုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း လုပ်ငန်းရဲ့ ရရန်ရှိ၊ပေး ရန်ရှိတွေဟာ ပုံမှန်အဝင်အထွက်ဖြစ်ပြီးလည်ပတ်နေမယ်၊ Stock တွေ၊ ကုန်ကြွေးတွေ၊ ပုံမှန် လည်ပတ်နေမယ်၊

ဘဏ်တိုး၊ ချေးငွေ ၊လစာ၊ ကုန်ကျစရိတ် စတာတွေကို အချိန်မှီ ပေးနိုင်ပြီး လုပ်ငန်းပုံမှန်လည်ပတ်ဖို့ စိတ်ပူနေစရာမလိုတဲ့ လုပ်ငန်းတွေက ရေရှည်မှာတည်မြဲပြီး အောင်မြင်မှုရနိုင်မှာပါ။

အပေါ်မှာပြောခဲ့သလိုမျိုး ကိုယ့်လုပ်ငန်းပုံမှန်လည်ပတ်နေဖို့ အခြေခံအားဖြင့် Working Capital and Liquidity Management function ကိုသေချာ နားလည်သဘောက်ပေါက်ထားဖို့လိုတယ်။

Working Capital Management ဆိုတာဘာလဲ ?

Finance ပိုင်းကိုလေ့လာဖူးတဲ့သူတွေဆိုရင်တော့ အခုပြောပြမယ့် Equation ကိုသိကြပါလိမ့်မယ်

𝐂𝐮𝐫𝐫𝐞𝐧𝐭 𝐀𝐬𝐬𝐞𝐭𝐬 – 𝐂𝐮𝐫𝐫𝐞𝐧𝐭 𝐋𝐢𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 = 𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐂𝐚𝐩𝐢𝐭𝐚𝐥


Current Assets တွေမှာ ဘာတွေထည့်သွင်းစဉ်းစားရမလဲ?

· Cash and cash equivalents.

· Inventory

· Accounts Receivable

· Notes Receivable

· Prepaid Expenses

· Other forms of assets

Current Liabilities က ဘာတွေဖြစ်မလဲ?

· Accounts Payable

· Wages Payable

· Current Portion of Long-Term Debt

· Accrued Tax Payable

· Dividend Payable

· Unearned Revenue

ဒီလို CA/CL တနည်း Working Capital လည်ပတ်ပုံ ကောင်းမွန်နေတဲ့အခါ လုပ်ငန်း ရဲ့ Cash Flow ကောင်းမွန်လာပြီး Operations မှာ Liquidity Management ကောင်းမွန်လာပါတယ်။





WC Management ဟာဆိုရင် Treasury Management ပညာရပ်ရဲ့ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပြီး Current Assets နဲ့ Current Liabilities တွေကို လုပ်ငန်းအတွက် အကျိုးအရှိဆုံးဖြစ်အောင် စီးပွားရေးနည်းဗျူဟာကျကျ အသုံးချနေလား ဆိုတာလေ့လာစမ်းစစ်ပြီး အချိန်နဲ့ တပြေးညီ လိုအပ်သလို ထိန်းညှိဆောင်ရွက်ပေးရတဲ့ စီမံခန့်ခွဲမှုပညာရပ်ဖြစ်ပါတယ်။ ဒီထဲမှာမှ Working Capital ကို AR, Inventory, AP ဆိုပြီး အဓိက Supply Chain တောက်လျှောက်မှာ ကြုံတွေ့ရမယ့် Key Areas အဖြစ်သတ်မှတ်ပြီး Working Capital Amount သတ်မှတ်တာ၊ Benchmark သတ်မှတ်တာ၊ Liquidity ကောင်းမွန်အောင် စီစဥ်တာတွေလုပ်ကြပါတယ်။



လုပ်ငန်းတစ်ခု ငွေလိုနေပြီဆိုရင် ဘယ်နေရာကနေငွေအမြန်ဆုံးဖော်နိုင်မလဲ နဲ့ လုပ်ငန်းရဲ့ လက်ရှိ ရေတို ဘဏ္ဍာရေး အခြေအနေ ဘယ်လောက်ကောင်းလဲ ဆိုတာကို သိရဖို့ Liquidity 𝐑𝐚𝐭𝐢𝐨 (Current and Quick Ratios) ကိုတွက်ကြည့်ရပါတယ်။

𝐂𝐮𝐫𝐫𝐞𝐧𝐭 𝐀𝐬𝐬𝐞𝐭𝐬 / 𝐂𝐮𝐫𝐫𝐞𝐧𝐭 𝐋𝐢𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 = Current Ratio

(𝐂𝐮𝐫𝐫𝐞𝐧𝐭 𝐀𝐬𝐬𝐞𝐭𝐬 – Stocks) /𝐂𝐮𝐫𝐫𝐞𝐧𝐭 𝐋𝐢𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 = Quick Ratio (Acid Test)

အကယ်၍ တွက်လိုက်လို့ ထွက်လာတဲ့ Ratio ဟာ 1 ထက်နည်းနေတယ်ဆိုရင် အခုကာလအပိုင်းအခြားအတွင်း လုပ်ငန်းရဲ့ပေးရန်ရှိ တွေဟာ ရရန်ရှိ ထက်များနေပြီး Liquid မဖြစ်ဘူးဆိုတာကို မြင်နိုင်ပါတယ်။ တနည်း ပေးရန်ရှိ တစ်ကျပ် တိုင်းအတွက် ပိုင်ဆိုင်မှု (ရရန်ရှိ) က တစ်ကျပ်ထက်နည်းနေပြီး ငွေကြပ်နေတယ်ဆိုတဲ့ (Illiquid) သဘောဖြစ်ပါတယ်။

Ratio က 1 ထက်များနေရင်တော့ လုပ်ငန်းက လက်ရှိ Financial အရ ကောင်းမွန်တဲ့အခြေအနေမှာရှိနေပြီး ငွေလည်ပတ်နေတယ် (ငွေမကြပ်ဘူး) Liquid ဖြစ်ပြီး လုပ်ငန်းအတွက် အန္တရာယ်သိပ်မရှိဘူးပြောနိုင်ပါတယ်။


ဘာလို့လဲဆိုတော့ Working Capital Ratio အရမ်းများနေတာကလည်း တကယ်တမ်းလက်တွေ့မှာ အရမ်းကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ Raio 1 ကနေ 4 အတွင်း Industry ပေါ်မူတည်ပြီး ကောက်ချက်ချနိုင်ပါတယ်။ ထိုကဏန်းထက် ကျော်သွားရင်တော့ inventory မှာ လက်ကျန်ကုန်ပစ္စည်းတွေ ပုံနေတာမျိုး၊ ငွေပိုတွေများနေပြီး အကျိုးရှိရှိ အသုံးမချနိုင်တာမျိုး၊ ဒါမှမဟုတ် Customer ကုန်ကြွေးရရန်ရှိ တွေများနေပြီး Working Capital မလိုအပ်ပဲ ဖောင်းပွနေတာမျိုး ဖြစ်နေနိုင်ပါတယ်။

ဒီတော့ လုပ်ငန်းတစ်ခုဟာ Working Capital Structure ကို ဘယ်လို Strategy သုံးပြီး ချမှတ်မလဲ ဆိုတာတွေကို သိဖို့လိုအပ်လာပါတယ်။ ပိုနေရင် ဘယ်လို စုဆောင်းမလဲ? လိုနေရင် ဘယ်လို ချေးငှားသုံးမလဲ? စတာတွေကိုတော့ Working Capital Financing Strategies အနေနဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။



ဒါကတော့ အကြမ်းမျဉ်းအားဖြင့်သိထားသင့်တဲ့𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐲 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐬𝐢𝐠𝐧𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှာသင်ခန်းစာတစ်ခုအနေနဲ့ပါဝင်တဲ့ Working Capital Management အကြောင်းလေးပဲဖြစ်ပါတယ်။

ဒီထက်ပို့ပြီး Treasury အပိုင်းကို နားလည်သိရှိချင်တယ်၊ ကိုယ်ရဲ့ Career Development နဲ့ လုပ်ငန်းခွင်မှာ ပြန်ပြီး အသုံးချဖို့စိတ်ဝင်စားတယ်ဆိုရင်‌တော့ Association for Finance Professionals (AFP)က ပေးအပ်ချီးမြှင့်တဲ့ Certified Treasury Professional Designation ကိုတက်ရောက်သင်ယူနိုင်ပါတယ်။Program အကြောင်းအသေးစိတ်ကိုတော့အောက်ကပို့စ်မှာဝင်ရောက်ဖတ်ရှုနိုင်သလို ဆရာမင်းဟန်ထွန်းမှ CTP Program အကြောင်းမျှဝေပေးထားတဲ့ဗီဒီယိုလေးကိုလည်းဝင်ပြီးလေ့လာကြည့်ဖို့ပြောချင်ပါတယ်ဗျာ။

အသေးစိတ်သိရှိလိုပါက ဖုန်း

09 445533 288-289

ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

𝘎𝘳𝘰𝘸 𝘗𝘳𝘰𝘧𝘦𝘴𝘴𝘪𝘰𝘯𝘢𝘭 𝘎𝘳𝘰𝘸 𝘛𝘰𝘨𝘦𝘵𝘩𝘦𝘳

128 views0 comments

Recent Posts

See All
bottom of page