top of page
  • Writer's pictureMay

Personal Financial Management

🔑𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭

ငယ်ငယ်ကလူကြီးတွေဆီကဆုံးမတာ အမြဲကြားဖူးကြမှာပါ ”အိုစာမင်းစာစုဖို့၊ ငွေကိုစနစ်တကျသုံးဖို့၊သုံးတာပဲဖြစ်ပါစေဖြုန်းတာမဖြစ်စေဖို့”….စသဖြင့်ပေါ့။

အခုခေတ်စာသံပေသံနဲ့ပြောရရင်တော့”𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 “

ဆိုတဲ့ကိုယ်ပိုင်ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်….



အလွယ်ဆုံးနဲ့အရှင်းဆုံးပြောရရင်တော့ကိုယ့်ရဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့နေ့တွေမှာ

သာမကပဲ ကိုယ့်ရဲ့အနာဂတ်မှာပါ မိမိရဲ့ပိုင်ဆိုင်မှု(Assets)တွေကို

ထိန်းသိမ်းထားနိုင်ဖို့၊တိုးပွားလာအောင်လုပ်နိုင်ဖို့အတွက်

လိုအပ်တဲ့ ငွေကြေးပိုင်းဆိုင်ရာကိုစီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကိုဆိုလိုတာပါ…

လူတိုင်းရဲ့Financial Structureကိုလေ့လာကြည့်ရင်အဓိကအားဖြင့်

အခြေခံComponents (၄)ခုပဲပါဝင်နေတာပါ။

• Assets(ပိုင်ဆိုင်မှု)

• Debts(ကြွေးမြီ)

• Income(ဝင်ငွေ)

• Expenses(အသုံးစရိတ်/ကုန်ကျစရိတ်)

--------------------------------------------------------

အခုပြောတဲ့ Personal Financial Management Skill ကိုကျွမ်းကျင်ပိုင်နိုင်ရင် ဘာကောင်းကျိုးတွေရှိလာနိုင်မလဲဆိုတာထက် အဲ့ဒီSkill Set မပိုင်ဆိုင်ထားရင်

ဘယ်လိုဆိုးရွားတာတွေ ဖြစ်လာနိုင်မလဲဆိုတာကိုပဲအရင်ဆွေးနွေးကြည့်ရအောင်ပါနော်

(1) 𝐋𝐨𝐬𝐬 𝐨𝐟 𝐅𝐢𝐧𝐚𝐧𝐜𝐞

ကိုယ့်ရဲ့ပိုက်ဆံကို ကိုယ်ကိုတိုင် Controlမလုပ်နိုင်ဘူး၊ Manage မလုပ်နိုင်ဘူးဆိုရင် ဝင်ငွေနဲ့ထွက်ငွေ မမျှတတာတွေဖြစ်လာမယ်။ အကြွေးတွေတင်လာတဲ့အထိဖြစ်လာနိုင်တယ်။

ဒါ့ကြောင့် Debts(အကြွေး)ကိုရှောင်နိုင်ဖို့အတွက် အရေးကြီးဆုံးက မိမိရဲ့ငွေကြေးကို

မိမိကိုယ်တိုင်ပါးနပ်စွာ စီမံတတ်ဖို့ပဲဖြစ်တယ်။

(2) 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐡𝐚𝐧𝐠𝐞𝐬

နောက်တစ်ချက်အနေနဲ့ Money Management Skill မကောင်းရင်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအထိပါ

ဖြစ်လာနိုင်ပါတယ်။အဓိကအားဖြင့် Stress နဲ့ Confusion တွေခံစားလာရနိုင်ပြီး ဆက်တိုက်ဆိုသလိုပတ်ဝန်းကျင်နဲ့ပေါင်းသင်းဆက်ဆံရေး၊ ကိုယ့်ရဲ့လူမှုနေထိုင်ရေးဘဝပေါ်မှာပါ

ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။

(3) 𝐇𝐚𝐫𝐝𝐞𝐫 𝐭𝐨 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐒𝐢𝐭𝐮𝐚𝐭𝐢𝐨𝐧𝐬

နောက်ဆုံးတစ်ချက်အနေနဲ့ ဘယ်အချိန်မှာဘယ်လိုမျိုးအရေးပေါ် Emergency Cases တွေဖြစ်လာနိုင်မလဲဆိုတာဘယ်သူမှကြိုမသိနိုင်ဘူး။အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်ပြီး

အရေးပေါ်ဖြစ်လာခဲ့မယ်ဆိုရင်အစောပိုင်းကတည်းကကိုယ့်ပိုက်ဆံကို ကောင်းကောင်းစီမံခန့်ခွဲထားတဲ့သူသာဆိုရင် အကောင်းဆုံးနည်လမ်းကိုသုံးပြီး ဖြေရှင်းနိုင်မှာပါ။ဥပမာ-ကိုယ့်မိသားစုထဲမှာ အရေးတကြီးဆေးရုံတက်ရမယ့်အခြေအနေမျိုးတွေဖြစ်လာပြီး

ကိုယ့်ရဲ့လက်ထဲမှာအရေးပေါ်သုံးဖို့ ဆေးရုံစရိတ်မရှိဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲပေါ့နော်…

စသည်ဖြင့်အရေးပေါ် Emergency Casesတွေဖြစ်လာရင် Control လုပ်နိုင်စွမ်းရှိမှာမဟုတ်ပါဘူး။


Personal Finance ကိုအကောင်းဆုံးဘယ်လိုစီမံခန့်ခွဲကြမလဲ?


𝐌𝐨𝐧𝐞𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐓𝐢𝐩𝐬 𝐭𝐨 𝐈𝐦𝐩𝐫𝐨𝐯𝐞 𝐘𝐨𝐮𝐫 𝐅𝐢𝐧𝐚𝐧𝐜𝐞𝐬

1. 𝐓𝐫𝐚𝐜𝐤 𝐲𝐨𝐮𝐫 𝐬𝐩𝐞𝐧𝐝𝐢𝐧𝐠 𝐭𝐨 𝐢𝐦𝐩𝐫𝐨𝐯𝐞 𝐲𝐨𝐮𝐫 𝐟𝐢𝐧𝐚𝐧𝐜𝐞𝐬. ...

(အမြဲတမ်းကိုယ်သုံးခဲ့တဲ့ကုန်ကျစရိတ်တွေကိုအသေးစိတ်ကအစTrackingလိုက်ပါ..

ကုန်ကျစရိတ်အသေးစိတ်ကအစကိုယ်ဘယ်နေရာမှာသုံးခဲ့တယ်ဆိုတာကိုမှတ်ထားပေးပါ)


2. 𝐂𝐫𝐞𝐚𝐭𝐞 𝐚 𝐫𝐞𝐚𝐥𝐢𝐬𝐭𝐢𝐜 𝐦𝐨𝐧𝐭𝐡𝐥𝐲 𝐛𝐮𝐝𝐠𝐞𝐭. ...

(လတစ်လရဲ့အစမှာအမြဲတမ်း Monthly Budget ဆွဲထားပါ။တစ်ခုတော့ရှိပါတယ်..ကိုယ်ဆွဲထားတဲ့Budget က realistic ဖြစ်ဖို့တော့အရေးကြီးပါတယ်။တကယ်လက်တွေ့မှာမဖြစ်နိုင်တဲ့ Budgetကြီးကိုဆွဲထားခဲ့မယ်ဆိုရင်တော့ဘာအတွက်မှအကျိုးရှိမှာမဟုတ်ပါဘူး)



3. 𝐁𝐮𝐢𝐥𝐝 𝐮𝐩 𝐲𝐨𝐮𝐫 𝐬𝐚𝐯𝐢𝐧𝐠𝐬—𝐞𝐯𝐞𝐧 𝐢𝐟 𝐢𝐭 𝐭𝐚𝐤𝐞𝐬 𝐭𝐢𝐦𝐞. ...

(ငွေစုဖို့ အချိန်အတိုင်းအတာတစ်ခု ပေးရမယ်ဆိုရင်တောင် ရအောင်ကြိုးစားပြီးစုပါ)


4. 𝐏𝐚𝐲 𝐲𝐨𝐮𝐫 𝐛𝐢𝐥𝐥𝐬 𝐨𝐧 𝐭𝐢𝐦𝐞 𝐞𝐯𝐞𝐫𝐲 𝐦𝐨𝐧𝐭𝐡. ...

(လစဉ်ပေးဆောင်ရမယ့် အခွန်တွေ၊ကုန်ကျစရိတ်တွေကိုလည်း အချိန်မီအောင်ပေးဆောင်ပါ)



5. 𝐂𝐮𝐭 𝐛𝐚𝐜𝐤 𝐨𝐧 𝐫𝐞𝐜𝐮𝐫𝐫𝐢𝐧𝐠 𝐜𝐡𝐚𝐫𝐠𝐞𝐬. ...

(မလိုအပ်ပဲ ထပ်တလဲလဲကုန်ကျနေတဲ့ စရိတ်တွေကို အတတ်နိုင်ဆုံးလျှော့ချပါ)


6. 𝐒𝐚𝐯𝐞 𝐮𝐩 𝐜𝐚𝐬𝐡 𝐭𝐨 𝐚𝐟𝐟𝐨𝐫𝐝 𝐛𝐢𝐠 𝐩𝐮𝐫𝐜𝐡𝐚𝐬𝐞𝐬. ...

(တန်ဖိုးကြီးကြီးအရာတစ်ခုဝယ်နိုင်တဲ့ပမာဏတစ်ခုအထိရောက်အောင်သတ်မှတ်ပြီးရအောင်ပိုက်ဆံကိုသေချာလေးစုပေးပါ)



7. 𝐒𝐭𝐚𝐫𝐭 𝐚𝐧 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 𝐬𝐭𝐫𝐚𝐭𝐞𝐠𝐲.

(ကိုယ့်ဘဝအတွက်အကျိုးအမြတ်များစေနိုင်မယ့်ရင်းနှီးမြှုပ်နှံမှုတစ်ခုခုစတင်ဖို့အတွက်

စဉ်းစားပါ)


8. 𝐃𝐞𝐜𝐢𝐝𝐞 𝐲𝐨𝐮𝐫 𝐩𝐫𝐢𝐨𝐫𝐢𝐭𝐢𝐞𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐬𝐩𝐞𝐧𝐝𝐢𝐧𝐠

(တစ်ခုခုအတွက်မသုံးခင်မှာ အရင်ဆုံးဦးစားပေးတွေကို သတ်မှတ်ထားပါ။

ဦးစားပေးအရာတွေကလွဲလို့ တစ်ခြားမလိုအပ်တဲ့ Expensesတွေ မဖြစ်လာပါစေနဲ့)



9. 𝐓𝐡𝐞 𝟑𝟎-𝐝𝐚𝐲 𝐬𝐚𝐯𝐢𝐧𝐠𝐬 𝐫𝐮𝐥𝐞 𝐢𝐬 𝐡𝐢𝐠𝐡𝐥𝐲 𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝𝐞𝐝.

(ကိုယ်ကမလိုအပ်တဲ့အရာတစ်ခုခုကို လိုချင်ပြီး ဝယ်ဖို့စဉ်းစားနေတယ်ဆိုပါစို့… ဒါဆိုရက်(၃၀)တိတိအချိန်ပေးပြီး အဲ့ဒီအရာကို ဝယ်ဖို့မဝယ်ဖို့ ဆုံးဖြတ်ကြည့်ပါ။ ဒီနည်းလမ်းက သင့်ရဲ့စိတ်ကူးပေါက်သလိုဝယ်တတ်တဲ့အကျင့်ကို တဖြည်းဖြည်း လျော့နည်းလာစေမှာပါ)


10. 𝐃𝐞𝐯𝐞𝐥𝐨𝐩 𝐚𝐧 𝐢𝐧𝐭𝐞𝐫𝐞𝐬𝐭 𝐢𝐧 𝐟𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭.

(Finance ပိုင်းနဲ့ပတ်သက်တဲ့ ပြင်ပဗဟုသုတတွေကို အရင်ကထက်ပိုပြီးစိတ်ဝင်စားမှုရှိပေးပါ။

Knowledge ပိုင်းဆိုင်ရာ တိုးတက်မှုရှိလာရင် ပိုမိုပြီးမှန်ကန်ကောင်းမွန်တဲ့

ဆုံးဖြတ်ချက်တွေကိုချနိုင်ဖို့အကူအညီဖြစ်လာနိုင်ပါတယ်)



Personal Financial Planning လုပ်တဲ့အချိန်မှာအရေးကြီးပြီးအဓိကကျတဲ့Area(5)ခု?

  • Income

  • Spending

  • Savings

  • Investing

  • Protection

Savingsဆိုတာကိုယ့်ရဲ့ဝင်ငွေထဲက တစ်စိတ်တစ်ပိုင်းကိုမသုံးပဲ သီးသန့်ဖယ်ထားပြီး စုထားတဲ့ပမာဏဖြစ်ပါတယ်။အရေးကြုံလာရင်ထုတ်သုံးနိုင်ဖို့ စုငွေစုဖို့လည်းလိုအပ်ပါတယ်။


Investments ကတော့ Savings နဲ့မတူပါဘူး။ Investmentsဆိုတာမျိုးက Future Incomes တွေ Savings တွေရလာနိုင်ဖို့ ရင်းနှီးမြှုပ်နှုံမှုပဲဖြစ်ပါတယ်။(Eg: purchases of mutual funds, stocks, bonds or real estate) သတိထားရမှာတစ်ခုက ရင်းနှီးမြှုပ်နှံ့မှုလုပ်ပြီဆိုရင်

Risk တွေကိုတော့ကျိန်းသေကြုံတွေ့လာရမှာပါ။


Protection ကတော့ Financial Risk တွေကိုရင်ဆိုင်နိုင်ဖို့အတွက်အမျိုးမျိုးသော

Financial Products တွေကိုဝယ်ယူထားကြတာမျိုးပဲဖြစ်ပါတယ်

(Eg: annuities, property/casualty insurance, life insurance and health insurance)


😁ဒီတော့လအလယ်ရောက်တိုင်း လက်ထဲမှာပိုက်ဆံပြတ်သွားတဲ့သူများအတွက်လည်း

ဒီ Tips တွေကို ဒီလမှာစပြီးလိုက်လို့ဖို့ တစ်ခါတည်းအကြံပြုပေးလိုက်ပါတယ်နော်........

✅နောက်ပြီးဒီလို Personal အတွက်ရော လုပ်ငန်းခွင်မှာပါ Qualification တစ်ခုအနေနဲ့ အကျိုးရှိတဲ့အတန်းလေးတွေတက်ချင်ရင် သင်တန်းကြေးသက်သာတဲ့ SLS အတန်းတွေ၊ Certificate အတန်းလေးတွေရှိတာမို့ Page ရဲ့ CB မှာအားမနာတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

မိမိနဲ့သင့်လျော်တဲ့ အတန်းတွေကိုလည်း Recommend လုပ်ပေးမှာမို့ အားလုံးအဆင်ပြေကြဖို့မျှော်လင့်ပါတယ်ဗျာ….


ဒီတော့ဒီPostလေးကိုဖတ်ပြီး ကျယ်ပြန့်လှတဲ့ Financial Management ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Personal Financial Management အကြောင်းကို အနည်းငယ်သဘောပေါက်နားလည်ပြီလို့

ယူဆလိုက်ပါတယ်။


154 views0 comments

Recent Posts

See All
bottom of page