top of page

Smart Learning Class!


"Hard times are sometimes blessings in disguise. We do have to suffer but in the end it makes us strong, better and wise. " - ~Anurag Prakash Ray - ကမ္ဘာတစ်ဝှမ်းလုံး မှာ ကျရောက်နေတဲ့ COVID-19 ရောဂါဆိုးကြီးကြောင့် အခုအချိန်မှာ လူ့အသက်ပေါင်းများစွာဆုံးရှုံးနေရသလို နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ နိုင်ငံတကာမှာ အလုပ်အကိုင်ကြပ်တည်း ခြင်းနဲ့ စီးပွားရေး ကျဆင်းခြင်း စတဲ့ အကျိုးဆက်တွေကို စတင်ခံစားနေရပြီးဖြစ်ပါတယ်… - အခုလက်ရှိရင်ဆိုင် ကြုံတွေနေရတဲ့ အခက်အခဲတွေ အတွက် သေသေချာချာ ပြင်ဆင်ထားခြင်းမရှိဘဲ… ပေါ့ပေါ့တန်တန်နဲ့ အလွယ်တကူ ဆုံးဖြတ်ချက်တွေ ချလိုက်မယ်၊ လုပ်ငန်းတွေကို ဘာမှမစဉ်းစားဘဲရပ်နားလိုက်မယ်ဆို ရင် ဘယ်လိုမှ အဖတ်ဆယ်လို့မရတဲ့ ဆုံးရှုံးနစ်နာမှုတွေဖြစ်ပေါ်နိုင်ပါတယ်… - မထင်မှတ်ထားတဲ့ အခက်အခဲတွေ စိန်ခေါ်မှုနဲ့ အတူတူပါလာတဲ့ နောက်ကွယ်က အခွင့်အလမ်းတွေကို ဘယ်လိုအသုံးချမလဲ… 🤔🤔 အခုလက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေဆိုးတွေကနေ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို ကြံ့ကြံ့ခံရပ်တည်ဖို့ အကောင်းဆုံး action တွေကဘာဖြစ်မလဲ… အခုလို အခြေအနေဆိုးတွေပြီးသွားတဲ့ အချိန်မှာ အရှိန်အဟုန်နဲ့ ပြန်လည်နိုးထလာမယ့် ကမ္ဘာ့စီပွားရေးဈေးကွက်ရဲ့ Demand တွေ အလုပ်အကိုင် အခွင့်အလမ်းတွေကို အမိအရဘယ်လိုဆုပ်ကိုင်မလဲ… 🤔🤔 ဆိုတဲ့ မေးခွန်းတွေအတွက် သင့်မှာ အဖြေတစ်ခုရှိဖို့ဆိုရင်တော့ အခုအချိန်ထဲကပြင်ဆင်ဖို့လိုနေပါပြီ…. - အခုအချိန်မှာ ကိုယ်ဘာလုပ်သင့်လဲ… ကိုယ့်လုပ်ငန်းအတွက် ဘာတွေပြင်ဆင်သင့်လဲဆိုတာ… ဘယ်လို Decisions တွေချသင့်လဲ? ဆိုတာတွေ အတွက် လူတိုင်း မဖြစ်မနေထည့်သွင်းစဉ်စားရမယ့် အချက်တွေကို အောက်မှာ ပုံတစ်ပုံချင်းဆီကို နှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်… --------------------------------------------------------------------------------- Matrix Institute of Professionals မှာ လည်း On-Campus သင်ကြားနေမှုများကို မတ်လ ၁၇ရက်နေ့မှ စတင်၍ ယာယီရပ်နားထားပြီး အခုလက်ရှိတွင် Interactive Online Teaching Method များဖြင့် Finance & Entrepreneurship ဆိုင်ရာသင်တန်းများကို ဆက်လက် သင်ကြားပို့ချနေလျက်ရှိပါသည်… - နိုင်ငံတကာ အသိအမှတ်ပြု Designation တွေ ဖြစ်တဲ့ CFA, FRM, PMP, FMVA, CBCA အစရှိတဲ့ program ကြီးများအပြင် Finance ကို လေ့လာလိုက်စားလိုသော Professionals တွေ ကျောင်းသားကျောင်းသူတွေအတွက် Foundation Program များ၊ Matrix Finance Certificate များကို ဆက်လက်၍ Online မှာ သင်ကြားပို့ချနေတဲ့ အတွက် ကိုယ်ရဲ့ Capacity Building နဲ့ Career Development အတွက် Finance ကိုသင်ယူလိုတဲ့ သူတွေအားလုံးအတွက် လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်… - Matrix Institute of Professionals ရဲ့ အခုလက်ရှိဖွင့်လှစ်သင်ကြားနေတဲ့ Online Course များကို လေ့လာချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်… - https://www.facebook.com/MatrixInstituteofProfessionals/photos/a.1268466889880267/2946047098788896 ------------------------------------------------------------------------------------- - 1. Time to Change “Survival of the fittest” ~by Herbert Spencer ဆိုတာကြားဖူးကြမယ်ထင်ပါတယ်… ဒီကမ္ဘာကြီးမှာ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး လိုအပ်သလိုပြောင်းလဲ ရှင်သန်နိုင်တဲ့ သူတွေသာ ရှင်သန်ကျန်ရစ်ခဲ့တယ်… စီးပွားရေးလောကဆိုတာလည်း မြစ်ရေစီးကြောင်းလိုပဲ… အသစ်သစ်သော နည်းပညာ နည်းဗျူဟာတွေနဲ့ အစဉ်မပြတ်အမြဲတိုးတက်ပြောင်းလဲ နေတဲ့ ကမ္ဘာတစ်ခုဖြစ်ပါတယ်… ပုံမှန် အခြေအနေမှာတောင် new technology တွေ၊ new strategy တွေ ကို အမြဲလိုက်ပြီး Keep Up မလုပ်နိုင်ရင် နောက်ကောက်ကျ ကျန်ခဲ့ နိုင်ပြီး အခုလိုမျိုး မထင်မှတ်ထားတဲ့ ဘေးအန္တရာယ်ကြောင့် အခက်အခဲတွေရင်ဆိုင်ရချိန်မှာ အခြေအနေကိုလိုက်ပြီး adapt မလုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေက တော့ အများဆုံး အထိနာမှာ သေချာပါတယ်… Online အခြေစိုက်စီးပွားရေးလုပ်ငန်းတွေ၊ Online ကို partially အသုံးပြုပြီး Customer နဲ့ ချိတ်ဆက်ဝင်ငွေရနေတဲ့ လုပ်ငန်းတွေ အတွက် Impact အရမ်းကြီးမဆိုးနိုင်ပေမယ့်… လူတွေ ကိုယ်ရဲ့ Product တွေ ဝန်ဆောင်မှုတွေကို အသုံးပြုမှ ကိုယ်တိုင်လာရောက်ဝယ်ယူအားပေးမှ ဝင်ငွေရှိမယ့်လုပ်ငန်းတွေ (E.g,Restaurant, Bar, University & School, Store, Travel & Tour, Logistics and so on )အတွက် ကတော့ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါတယ်… ခုနက Example ပေးခဲ့တဲ့ Businesses တွေထဲမှာ ဆက်ပြီးလည်ပတ်ဖို့ လွယ်ကူတဲ့ လုပ်ငန်းတွေရှိသလို ဒီ Time Period အတွက် ကိုယ် Business ဆက်လက်တည်ရှိဖို့ alternative business strategy မဖြစ်မနေစဉ်စားရမယ့် လုပ်ငန်းတွေလည်းရှိပါတယ်… - ဉပမာ University တွေ Collage တွေ Classroom teaching ကနေ Online Learning Method ကို ပြောင်းလဲ သင်ကြားပို့ချတာ အလွယ်တကူပြောင်းလဲလို့ ရပေမယ့်… Travel & Tour Business တွေ၊ Bus၊ Train၊ Airlines တွေက အခုအခြေအနေရ ဆက်လက်လည်ပတ်ဖို့အတွက် တော်တော်လေးအခက်အခဲရှိလာနိုင်ပါတယ်… လေယာဉ်စီးမယ့်လူမရှိဘဲ လေယာဉ်တွေ ဆက်လက်ပျံသန်းနေလို့မရသလို ဒီတိုင်းရပ်နားထားရင်လည်း Maintenance Cost နဲ့ တင် အရှုံးပေါ်သွားနိုင်ခြေရှိတဲ့ လုပ်ငန်းတွေ အဲ့လိုမျိုးလုပ်ငန်းတွေ အတွက် နောက်နောင်ဘာဆက်လုပ်မလဲဆိုတာ အခုလက်ရှိမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေကို ဘယ်လိုနည်းလမ်းတွေ စီးပွားရေးနည်းဗျူဟာတွေ အသုံးချပြီး လျော့ချမလဲ ဆိုတာဟာ မဖြစ်မနေကြိုတင်စဉ်းစားထားဖို့လိုပါတယ်… - (ဖြစ်လာနိုင်တဲ့ အရှုံးနဲ့ အမြတ်ကို နှိုင်းယှဉ်ကြည့်ပြီး လုပ်ငန်းကို ဆက်လက်လည်ပတ်မလား၊ လုံးလုံးရပ်မလား?၊ တစ်ချို့ Business Unit တွေပဲ နားပြီး ကျန်တာတွေ ဆက်ပြီး လည်ပတ်မလား? ဆိုတာကတော့ Owner တွေ၊ Senior Management ဘက်က ချမှတ်ရမယ့်ဆုံးဖြတ်ချက်တွေပါ) - 2. နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ Employee… အခြေအနေ အမျိုးမျိုးကြောင့်လုပ်ငန်းတွေ ရပ်နားရပြီ ဆိုကထဲက လုပ်ငန်းရဲ့ ဝင်ငွေ အပေါ်သက်ရောက်မှုတွေလည်းရှိလာပြီ ဖြစ်ပါတယ်… - အဲလိုမျိုး အခြေအနေမျိုးမှာ အရင်အခြေအနေမှာရှိခဲ့ ဝန်ထမ်းအင်အားအတိုင်း ထိန်းထားဖို့ ဆိုတာ အခက်အခဲ တစ်ခုရှိလာနိုင်ပါတယ်… လစာဆက်မပေးနိုင်လို့ ဝန်ထမ်းတွေကို အလုပ်အနားပေးတာလွယ်ပါတယ်… ဒါပေမယ့် သူများလုပ်ငန်းတွေ အရှိန် အဟုန်နဲ့ ပြန်လည် လည်ပတ်တဲ့ အချိန်မှာ ကိုယ်လုပ်ငန်းမှာ ကျွမ်းကျင်ဝန်ထမ်းတွေ မရှိတော့တဲ့ အတွက် လုပ်ငန်းမလည်ပတ်နိုင်ဘဲ ကိုယ့်ရဲ့ Existing ဈေးကွက်ကိုပါ လက်လွှတ်ဆုံးရှုံးသွားတဲ့ အခြေအနေက ဝန်ထမ်းတွေကို လစာပေးလိုက်ရလို့ ကုန်သွားတဲ့ Expense ထက်ပိုဆိုးပါတယ်… - အဆုံးစွန် မတတ်သာလို့ အနားပေးရမယ်ဆိုရင်တောင် လုပ်ငန်းအတွက် Core ဝန်ထမ်းတွေကို ဆက်လက်ထိမ်းထားပြီး ကျန်ဝန်ထမ်းတွေ အတွက် အတတ်နိုင်ဆုံး သူတို့အဆင်ပြေအောင် ကူညီဆောင်ရှောက်ပေးတာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်… - 3. Customer Retention! လုပ်ငန်းတွေရပ်သွားတယ် ဆိုပေမယ့် ကိုယ်လုပ်ငန်းရဲ့ Client တွေ Customers တွေက မရှိတော့ တာမဟုတ်ပါဘူး… ကိုယ်ရဲ့ Product တွေ Service တွေကို အသုံးမပြုတော့လို့ မရောင်းရတော့လို့ ဂရုမစိုက်တော့ဘဲထားတာ ဟာ အင်မတန်လွဲမှားတဲ့ Action ပါ… - ကိုယ့် Customer တွေ Client တွေကို ဂရုမစိုက်ရင် သူတို့ ကို ဂရုစိုက်တဲ့ Service Provider တွေနောက်ပါသွားတဲ့ အခါ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်… - နောက်ပြီးတော့ အနာဂတ်မှာ ကိုယ်Products တွေရောင်းရဖို့ ကိုယ့်ဝန်ဆောင်မှုတွေ ကို အသုံးပြုဖို့အတွက် အခု ကထဲကကိုယ် Customer တွေ Client တွေကို attention ပေးနေ follow up လိုက်နေမှ၊ Online, Social Media Platform တွေကနေ Customer နဲ့ အဆက်မပြတ် Engagement ဖြစ်နေမှသာ ကောင်းမွန်တဲ့ Sale Result တွေရလာမှာဖြစ်ပါတယ်… - 4. “Be Ready, hard time doesn’t last forever” နောက်ဆုံး အရေးအကြီးဆုံးအချက်ကတော့ အဆင်သင့်ပြင်ထားပါ…. အခုလို အချိန်မှာ ဘာမှ မလုပ်တော့ဘဲ့ ဖြစ်သမျှကို အပြစ်တင်ပြီး လက်မြှောက်အရှုံးပေးသွားတဲ့ လူတွေရှိသလို… - ကမ္ဘာစီးပွားရေးယန္တာယားကြီးပြန်လည် လည်ပတ်ပြီဆိုတာနဲ့ အခွင့်အလမ်းတွေ အမိအရဆုပ်ကိုင်ဖို့ အရှိန်အဟုန်နဲ့ ပြေးဖို့ အားမွေးနေတဲ့ လူတွေလဲရှိတယ်… - အဲဒီလူနှစ်မျိုးထဲမှာ ကိုယ်က ဘယ်ထဲပါသွားမလဲဆိုတာကတော့… အခုအချိန် ကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကပဲ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်… - Management Team အနေနဲ့ အရင်က လုပ်ငန်း မှာ ဘာတွေလိုအပ်နေလဲ သေချာလေ့လာစမ်းစစ်ပြီး ကိုယ် လုပ်ငန်းအတွင်းမှာ ဘာတွေက နှောင့်နှေးမှုတွေကို ဖြစ်နေလဲ… လုပ်ငန်း Operation တွေရဲ့ Performance တွေ ကို အကောင်းဆုံး ဘယ်လိုမြှင့်တင်နိုင်မလဲ၊ လုပ်ငန်းထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ Professionals ဝန်ထမ်းတွေ ရဲ့ capacity တွေကို မြှင့်တင်ဖို့အတွက် ဘယ်လို Training Program တွေ ဘယ်လို Skill Set တွေက အသင့်အတော်ဆုံးဖြစ်မလဲ? - Professionals တွေအတွက် လည်း အလုပ်အများစုက နားထားတဲ့ အချိန်၊ အိမ်ကနေ (work from home) လုပ်နေတဲ့ အချိန်မှာ ကိုယ် ရဲ့ career development အတွက် Online ကတစ်ဆင့် ဘယ်လို technical skill တွေလေ့လာမလဲ၊ ကိုယ့်ရဲ့ Resume Credentials အတွက် ဘယ်လို professional’s designation တွေကို လေ့လာမလဲဆိုတာ စဉ်းစားပြင်ဆင်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်… - ဒါတွေကတော့ အခု COVID-19 ရဲ့ နောက်ဆက်တွဲ အခြေအနေတွေအပေါ် သုံးသပ်ပြီး လုပ်ဆောင်သင့်တဲ့ အချက်အလက်လေးတွေကို တင်ပြဆွေးနွေးပေးထားတာပဲဖြစ်ပါတယ်… ဒီရောဂါဆိုးကြီးကို ကျော်လွားဖို့ဆိုတာ တစ်ဦးတစ်ယောက်ထက် လူတိုင်းရဲ့တာဝန်လည်းဖြစ်ပါတယ်… - နယ်ပယ်အသီးသီးမှ ကျန်မာရေး၊လူမှုရေး၊ဘာသာရေး၊စေတနာဝန်ထမ်းတွေအားလုံး ရောဂါဆိုးကြီးကို အမြစ်ပြတ်တိုက်ထုတ်ဖို့ ဇွဲ့သွန်ခွန်စိုက်ကြိုးစားနေကြသလို… - မိမိတို့ဘက်ကလည်း အပြင်က ပြန်လာရင် ကိုယ်လက်သေချာသန့်စင်ခြင်း၊ အတတ်နိုင်ဆုံး လူစုလူဝေးကိုရှောင်ကျဉ်းခြင်း (Social Distancing)၊ မဖြစ်မနေအပြင်သွားရမည်ဆိုပါက Masks များအသုံးပြုခြင်း စတဲ့ ကျန်မားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကြေငြာချက်များကိုလိုက်နာပြီး ကူစက်ရောဂါပြန်ပွားမှုကို တစ်ဖက်တစ်လှမ်းက ကူညီတားဆီးရင်းနဲ့ - အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေနဲ့ မိမိကိုယ်ကိုယ်လေ့လာသုံးသပ်ပြီး ဒီကပ်ရောဂါကြီး ပြီးဆုံးသွားတဲ့ အခါ မှာ ရောက်ရှိလာမယ့် အခွင့်အရေးတွေကို လက်မလွတ်တမ်းရယူနိုင်ဖို့ပြင်ဆင်နိုင်ပါစေလို့ အကြံပြုလိုက်ရပါတယ်… ………………………………………………. - အသေးစိတ်ကို အောက်ပါအတိုင်းဆက်သွယ် စုံစမ်းနိုင်ပါတယ်။ အထက်က သင်တန်းလေးတွေနဲ့ Promotion လေးတွေ အကြောင်း အသေးစိတ်သိချင်ရင် အောက်ပါအတိုင်းဆက်သွယ်စုံစမ်းလို့ရပါတယ် !!! Matrix Institute of Professionals Grow Professional… Grow Together… 01 8245660, 09 445533 288-289 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။ - Matrix Institute of Professionals Room: D-E, Level 2, Bld No: 182-194, Botahtaung Pagoda Road, Pazundaung Township, Yangon, Myanmar. #matrixinstitute #matrixfinance #matrix2020classes1 #ysx#finance #investment #stockshare #trading #srl #securitiest

20 views0 comments

Recent Posts

See All
bottom of page