top of page

What is three statements model?

𝗧𝗵𝗿𝗲𝗲 𝘀𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 𝗺𝗼𝗱𝗲𝗹 ဆိုတာ 𝗶𝗻𝗰𝗼𝗺𝗲 𝘀𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁, 𝗯𝗮𝗹𝗮𝗻𝗰𝗲 𝘀𝗵𝗲𝗲𝘁 နဲ့ 𝗰𝗮𝘀𝗵𝗳𝗹𝗼𝘄 𝘀𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 သုံးခုကို model တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်တည်ဆောက်ထားသော financial model တစ်ခုဖြစ်ပါတယ်။ discounted cash flow (DCF) models, merger models, leveraged buyout (LBO) models နှင့် အခြားသော advanced ပိုဖြစ်တဲ့ financial models တွေကို တည်ဆောက်ဖို့အတွက် အခြေခံလိုအပ်တဲ့ model တစ်ခုဆိုလည်းမမှားပါဘူး

Lᴀʏᴏᴜᴛ ᴀɴᴅ Sᴛʀᴜᴄᴛᴜʀᴇ

three statements model ကို တည်ဆောက်ပုံ ချဉ်းကပ်နည်း (approaches)

- Single worksheet နှင့်

- Multiple worksheet ဆိုပြီးနှစ်မျိုးရှိပါတယ်။


Approaches နည်းလမ်းနှစ်မျိုးလုံးကို လက်ခံနိုင်တယ်ဆိုပေမယ့်လည်း Corporate Finance Institute (CFI) အနေနဲ့ single worksheet ကို grouping အနေနဲ့ သုံးပြီး approach လုပ်တဲ့နည်းကို အောက်ပါအကြောင်းပြချက်များကြောင့် ပိုမိုထောက်ခံရခြင်းဖြစ်ပါတယ်။


𝟭.𝗘𝗮𝘀𝗶𝗲𝗿 𝘁𝗼 𝗻𝗮𝘃𝗶𝗴𝗮𝘁𝗲 (𝗱𝗼𝗻’𝘁 𝗵𝗮𝘃𝗲 𝘁𝗼 𝘀𝘄𝗶𝘁𝗰𝗵 𝗯𝗲𝘁𝘄𝗲𝗲𝗻 𝘁𝗮𝗯𝘀)Single worksheet ကိုသုံးတဲ့အတွက် tab တစ်ခုနဲ့တစ်ခုကြားကို ပြောင်းပြီးသွားတဲ့အချိန်မှာ လမ်းညွှန်ရလွယ်ကူစေပါတယ်။

𝟮.𝗟𝗲𝘀𝘀 𝗿𝗶𝘀𝗸 𝗼𝗳 𝗺𝗶𝘀-𝗹𝗶𝗻𝗸𝗶𝗻𝗴 𝗳𝗼𝗿𝗺𝘂𝗹𝗮𝘀 (𝗮𝗹𝗹 𝘁𝗶𝗺𝗲 𝗽𝗲𝗿𝗶𝗼𝗱𝘀 𝗮𝗿𝗲 𝗶𝗻 𝘁𝗵𝗲 𝘀𝗮𝗺𝗲 𝗰𝗼𝗹𝘂𝗺𝗻)

Formulas ချိတ်တဲ့အခါမှာ time periods တွေအကုန်လုံးက column တစ်ခုတည်းဖြစ်လို့ အမှားနည်းစေပါတယ်။

𝟯.𝗠𝗼𝗿𝗲 𝗼𝗿𝗴𝗮𝗻𝗶𝘇𝗲𝗱 𝘄𝗶𝘁𝗵 𝘁𝗵𝗲 𝘂𝘀𝗲 𝗼𝗳 𝗴𝗿𝗼𝘂𝗽𝗶𝗻𝗴 𝗰𝗲𝗹𝗹𝘀

Cells တွေကို grouping လုပ်ထားပြီးသားဖြစ်လို့ ပိုမို စနစ်ကျစေပါတယ်။

𝟰.𝗔𝗹𝗹𝗼𝘄 𝗺𝗼𝗿𝗲 𝗿𝗼𝗼𝗺 𝗳𝗼𝗿 𝗰𝗼𝗻𝘀𝗼𝗹𝗶𝗱𝗮𝘁𝗶𝗻𝗴 𝗺𝘂𝗹𝘁𝗶-𝗯𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗰𝗼𝗺𝗽𝗮𝗻𝗶𝗲𝘀

Multi-business companies တွေအတွက် တစ်စုတစ်စည်းတည်းပိုမိုဖြစ်စေပါတယ်။

𝗛𝗼𝘄 𝗱𝗼 𝘆𝗼𝘂 𝗯𝘂𝗶𝗹𝗱 𝗮 𝘁𝗵𝗿𝗲𝗲 𝘀𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁𝘀 𝗺𝗼𝗱𝗲𝗹?

Three statements model တည်ဆောက်ဖို့အချက်များကတော့ အောက်ပါအချက်များအပါအဝင် အချက်များစွာပါဝင်ပါတယ်။

𝟭.𝗜𝗻𝗽𝘂𝘁 𝗵𝗶𝘀𝘁𝗼𝗿𝗶𝗰𝗮𝗹 𝗶𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗶𝗻𝘁𝗼 𝗘𝘅𝗰𝗲𝗹

ဒီအဆင့်မှာတော့ ကုမ္ပဏီရဲ့ အရှေ့မှာရှိခဲ့တဲ့ finance နဲ့ပတ်သတ်သော data တွေ၊ information တွေကို download ဆွဲပြီးဖြစ်စေ၊ key-in သွင်းပြီးဖြစ်စေ၊ excel ထဲကိုထည့်ရပါမယ်။ Excel ထဲကို data တွေရောက်ပြီဆိုတာနဲ့ basic formatting ပုံစံမျိုးနှင့် ဖတ်ရလွယ်အောင် ပြုလုပ်ပေးရပါမယ်။ အောက်မှာတွေ့ရတဲ့ format အတိုင်းပဲ historical time periods ရဲ့အောက်မှာ “ blue font color “ နဲ့ historical information တွေကိုထားပေးရပါမယ်။

𝟮.𝗗𝗲𝘁𝗲𝗿𝗺𝗶𝗻𝗶𝗻𝗴 𝘁𝗵𝗲 𝗮𝘀𝘀𝘂𝗺𝗽𝘁𝗶𝗼𝗻𝘀 𝘁𝗵𝗮𝘁 𝘄𝗶𝗹𝗹 𝗱𝗿𝗶𝘃𝗲 𝘁𝗵𝗲 𝗳𝗼𝗿𝗲𝗰𝗮𝘀𝘁

အထက်ကအဆင့်မှာ excel ထဲကိုလည်း data တွေထည့်ပြီးပြီ၊ format ကလဲကျပြီဆိုရင် ကုမ္ပဏီရဲ့ historical performance ကိုသိဖို့ calculation ကို စလို့ရပါပြီ။ ဒီအဆင့်မှာ revenue growth, margins, capital expenditures နဲ့ working capital ကိုတွက်ချက်ရမှာပါ။ assumptions example ကိုအောက်မှာကြည့်ပါ။

𝟯.𝗙𝗼𝗿𝗲𝗰𝗮𝘀𝘁𝗶𝗻𝗴 𝘁𝗵𝗲 𝗶𝗻𝗰𝗼𝗺𝗲 𝘀𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁

Assumptions စပြီဆိုရင် revenue နဲ့ earnings before interest and tax ကို income statement ပေါ်မူတည်ပြီး forecast စလုပ်ရမှာဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ capital assets နဲ့ financing activity တွေကဲ့သို့သော items တွေကို တည်ဆောက်ဖို့ schedules တွေနဲ့ support ပေးရမှာဖြစ်ပါတယ်။

𝟰.𝗙𝗼𝗿𝗲𝗰𝗮𝘀𝘁𝗶𝗻𝗴 𝘁𝗵𝗲 𝗰𝗮𝗽𝗶𝘁𝗮𝗹 𝗮𝘀𝘀𝗲𝘁𝘀

ဒီအဆင့်ကတော့ income statement ကိုအဆုံးမသတ်ခင် Property, Plant and Equipment PP&E ကဲ့သို့သော capital assets တွေကို forecast လုပ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ capital expenditures တွေထည့်မယ်၊depreciation တွေကို ဖြတ်မယ်၊ နောက်ဆုံးမှာ closing balance ရဲ့ last period ကိုယူပြီး forecast လုပ်ရမှာပါ။

ဒီနေရာမှာပြောချင်တာကတော့ depreciating ကို

- Straight line,

- Declining balance, or percent of revenue အစရှိတဲ့နည်းလမ်းတွေသုံးပြီး တွက်ချက်နိုင်ပါတယ်။

𝟱.𝗙𝗼𝗿𝗲𝗰𝗮𝘀𝘁𝗶𝗻𝗴 𝗳𝗶𝗻𝗮𝗻𝗰𝗶𝗻𝗴 𝗮𝗰𝘁𝗶𝘃𝗶𝘁𝘆

နောက်တစ်ဆင့်ဖြစ်တဲ့ financing step မှာတော့ debt schedule ကို build လုပ်ဖို့ income statement မှာရှိတဲ့ interest expense ကို ဆုံးဖြတ်တွက်ချက်ရမှာပါ။ အပေါ်ကအဆင့်လိုပဲ closing balance ကိုယူပြီး forecast လုပ်ရမှာဖြစ်ပါတယ်။ interest expense ကိုတော့ opening balance , closing balance သို့မဟုတ် debt outstanding ရဲ့ average balance ပေါ်မှာ မူတည်တွက်ချက်ရမှာပါ။

𝟲.𝗙𝗼𝗿𝗲𝗰𝗮𝘀𝘁𝗶𝗻𝗴 𝘁𝗵𝗲 𝗯𝗮𝗹𝗮𝗻𝗰𝗲 𝘀𝗵𝗲𝗲𝘁

ဒီ stage မှာတော့ three statement model ကို အဆုံးသတ်ဖို့ နောက်ဆုံး stage ဖြစ်တဲ့ cash balance stage မှလွဲ၍ balance sheet ကိုအဆုံးသတ်ဖို့ အဆင့်ဖြစ်ပါပြီ။ Working capital items ကိုတော့ inventory turns, average days payable နဲ့ receivable တွေရဲ့ assumptions ပေါ်မှာ မူတည်ပြီးတော့ forecast လုပ်ရမှာဖြစ်ပါတယ်။ capital assets တွေကိုတော့ အပေါ်က schedule တွေအပြင် debt balances တွေပေါ်ကနေပါ အခြေခံပြီး forecast လုပ်ပါတယ်။

𝟳.𝗖𝗼𝗺𝗽𝗹𝗲𝘁𝗶𝗻𝗴 𝘁𝗵𝗲 𝗰𝗮𝘀𝗵 𝗳𝗹𝗼𝘄 𝘀𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁

Cash မှလွဲပြီး ပြည့်စုံသွားပြီဖြစ်သော balance sheet နဲ့ cash flow statement နဲ့ three statement model ကို excel မှာ တည်ဆောက်နိုင်ပါပြီ။ ဒီ section ကို ပြီးပြည့်စုံဖို့ cash from operations, cash from investing နဲ့ cash from financing သုံးခုကို ပြီးမြောက်အောင်တွက်ချက်ရပါမယ်။

41 views0 comments

Recent Posts

See All
bottom of page