top of page

𝐌𝐚𝐭𝐫𝐢𝐱’𝐬 𝐅𝐑𝐄𝐄 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞 𝐟𝐨𝐫 𝐒𝐌𝐄



SME လုပ်ငန်းတွေမှာ Financial Statements ရေးဆွဲရာမှာ ခက်ခဲနေသူတွေအတွက် Matrix Smart Learning Solutions မှ Financial Statement Template တွေကို www.matrixinstitute.com.mm website ရဲ့ learning forum မှာ ဝင်ပြီး FREE download ဆွဲနိုင်ပါတယ်။


· Profit & Loss Statement (အရှုံးအမြတ်စာရင်း) Template

· Balance Sheet (လက်ကျန်စာရင်း) Template

· Trial Balance Format

· Common Size Statement Analysis တွေကို ထည့်သွင်းထားပေးပြီး မိမိတို့လုပ်ငန်းအတွက် စနစ်တကျ အသုံးချနိုင်မှာဖြစ်ပါတယ်။


𝗣𝗿𝗼𝗳𝗶𝘁 & 𝗟𝗼𝘀𝘀 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 (အရှုံးအမြတ်စာရင်း)


(၁) ဘဏ္ဍာရေးနှစ်၏ သုံးလပတ်၊ တစ်နှစ်တာ အတွင်း လုပ်ငန်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ရရှိသော ဝင်ငွေ၊ ကုန်ကျစရိတ် နှင့် အသုံးစရိတ်များကို အကျဉ်းချုပ် ဖော်ပြထားသည့် အရှုံးအမြတ်ကို ဖော်ပြသည့် စာရင်းချုပ် ဖြစ်သည်။ အကြမ်းအမြတ်၊ လုပ်ငန်းအမြတ်၊ အသားတင်အမြတ် စသဖြင့် အမြတ်ပုံစံကို အဆင့်ဆင့် တွက်ချက်လေ့ရှိသည်။


(၂) အရှုံးအမြတ်စာရင်းကို Income Statement, Statements of Operations, Statement of Earnings စသဖြင့် ပုံစံ အမျိုးမျိုးဖြင့် ခေါ်ဆိုကြသည်။


𝗕𝗮𝗹𝗮𝗻𝗰𝗲 𝗦𝗵𝗲𝗲𝘁 (လက်ကျန်စာရင်း)


(၁) နေ့ရက်တစ်ရက် (ဘဏ္ဍာနှစ်ကုန်ရက်) တွင် ကုမ္ပဏီတွင် ရှိသော ပိုင်ဆိုင်မှုများ၊ ပေးရန်ရှိများ၊ နှင့် အသားတင် ပိုင်ဆိုင်မှုများကို ပြသသည့် အရေးပါသော ရှင်းတမ်းဖြစ်သည်။ လက်ကျန်စာရင်း၏ အဓိက အခြေခံ အကျဆုံး Equation မှာ Assets – Liabilities = Equity ဖြစ်သည်။ ထို့ကြောင့်လည်း Balance Sheet ဟု ခေါ်တွင်သည်။


A. ပိုင်ဆိုင်မှုများ - ကုမ္ပဏီလုပ်ငန်း၏ ပိုင်ဆိုင်မှုများ အားလုံးဖြစ်သည်။


i. ရေတို ပိုင်ဆိုင်မှု - ငွေ၊ ကုန်ကြွေး၊ ကုန်ပစ္စည်း၊ ကြိုတင်ပေးများ

ii. ပုံသေပိုင်ပစ္စည်းများ - မြေ၊ အဆောက်အဉီး၊ စက်ပစ္စည်း၊ ဉာဏပိုင်ဆိုင်မှု၊ Goodwill၊ Trademark၊ Software


B. ပေးရန်ရှိများ - ကုမ္ပဏီမှ Suppliers များကို ပေးဆပ်ရန် ကျန်သည်များ ဖြစ်သည်။


i. ရေတို ပေးရန်ရှိ - Supplier, Employee, ကာလတို ချေးငွေ၊ ကြိုတင်ရငွေ

ii. ရေရှည် ပေးရန်ရှိ - တစ်နှစ်ထက် ပို၍ ချေးထားသောငွေများ


C. အသားတင်ပိုင်ဆိုင်မှုများ - ရှယ်ယာရှင်၊ ပိုင်ရှင်များ အတွက် ပိုင်ဆိုင်မှု (စုစုပေါင်း ပိုင်ဆိုင်မှု - ပေးရန်ရှိများ)


i. ရင်းနှီးမတည်ငွေ - ရှယ်ယာရှင်၊ ပိုင်ရှင်များမှ ထည့်ဝင်ထားသော ငွေပမာဏ

ii. လုပ်ငန်း ရံပုံငွေ - အသားတင်အမြတ်ကို အစိတ်အပိုင်း အချို့ကို လုပ်ငန်းတိုးချဲ့ခြင်း၊ အသုံးစရိတ်များ အတွက် လျာထားခြင်း

iii. စုဆောင်းအမြတ် - အသားတင်အမြတ် အစိတ်အပိုင်း အချို့ကို စုဆောင်းခြင်း


(၂) လက်ကျန်စာရင်းကို Balance Sheet, Statement of Financial Position ဟုလည်း ပြောင်းလဲ ခေါ်နိုင်သည်။

ဒီလိုမျိုးလူကြီးမင်းတို့ရဲ့လုပ်ငန်းအတွက်ဖြစ်စေ၊ financial statement တွေနဲ့ပတ်သတ်ပြီး လေ့ကျင့်ချင်လို့ပဲဖြစ်စေ template တွေကို free resource အနေနဲ့လိုချင်တယ်ဆိုရင်တော့ Matrix Smart Learning Solutions Facebook Page လေးမှာ အလျဉ်းသင့်သလို တင်ပေးသွားဖို့ရှိပါတယ်။


SLS page လေးမှာဆိုရင် international certificate တွေရယူနိုင်ဖို့ online courses တွေ၊ online exam prep courses တွေကို Matrix မှ global learning partner အနေနဲ့ ချိတ်ဆက်ထားတဲ့ organization တွေမှ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်း distributor အနေနဲ့ သက်သာသောဈေးနှုန်းများနဲ့ ရောင်းချပေးနေတဲ့အပြင် Matrix မှ professional instructors များကိုယ်တိုင်ရိုက်ကူးသင်ကြားပို့ချပေးသော Matrix Smart Learning Courses များကိုပါ ရောင်းချသွားမှာမို့ Matrix နှင့်အတူ မိမိ career ကို မြှင့်တင်ဖို့ SLS page ကို see first လုပ်ထားဖို့ မမေ့နဲ့နော် !


“𝘕𝘦𝘷𝘦𝘳 𝘴𝘵𝘰𝘱 𝘭𝘦𝘢𝘳𝘯𝘪𝘯𝘨: 𝘧𝘰𝘳 𝘸𝘩𝘦𝘯 𝘸𝘦 𝘴𝘵𝘰𝘱 𝘭𝘦𝘢𝘳𝘯𝘪𝘯𝘨 𝘸𝘦 𝘴𝘵𝘰𝘱 𝘨𝘳𝘰𝘸𝘪𝘯𝘨”

Matrix Institute of Professionals

☎️ : 01-8245660, 09-445533288~289

🏦 : No.182-194(2nd floor),Botahtaung Pagoda Road(Between Anawrahtar & Mahar Bandoola Rd), Pazuntaung Tsp.,Yangon.

217 views0 comments
bottom of page