top of page

𝗪𝗵𝗮𝘁 𝗶𝘀 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 (𝗣𝗠𝗣®)?

𝗪𝗵𝗮𝘁 𝗶𝘀 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 (𝗣𝗠𝗣®)? 𝗪𝗵𝗼 𝗮𝗻𝗱 𝘄𝗵𝘆 𝘀𝗵𝗼𝘂𝗹𝗱 𝗱𝗼 𝗣𝗠𝗣 𝗰𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻?

🎖 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 (𝗣𝗠𝗣) 𝗗𝗲𝘀𝗶𝗴𝗻𝗮𝘁𝗶𝗼𝗻 ဆိုတာဘာလဲ? 🎖

PMP designation ဆိုတာ အထက်မှာပြောခဲ့တဲ့ project management tasks တွေနဲ့ project တစ်ခုကို ဘယ်လို စီမံခန့်ခွဲရမလဲ? Project management field မှာ leading role pro တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ knowledge and skills တွေ၊ project manager တစ်ယောက်အဖြစ် ရပ်တည်ဖို့ international recognized ပြုခံရတဲ့ designation ပဲဖြစ်ပါတယ်။

US အခြေစိုက် Project Management Institute ကပေးအပ်တဲ့ professional designation ဖြစ်ပါတယ်။

Online ကနေ multiple choice format နဲ့ ဖြေဆိုရတဲ့ exam ဖြစ်ပြီး၊ working experiences ၃နှစ်ရှိမှ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

💁‍♀️ 💁‍♀️ 𝘞𝘩𝘰 𝘴𝘩𝘰𝘶𝘭𝘥 𝘥𝘰 𝘗𝘔𝘗?

Project manager တစ်ယောက်အနေနဲ့ career တည်ဆောက်လိုသူများ၊ လက်ရှိအလုပ်မှာ leading role အနေနဲ့ အလုပ်လုပ်နေကြတဲ့ သူတွေအကုန်လုံးအတွက် သင့်တော်တဲ့ designation တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် IT field ထဲမှသူများ၊ construction field၊ oil and gas field ထဲမှ project ကြီးများကို ဦးဆောင်နေရသူများအတွက် မရှိမဖြစ်ကိုင်ထားသင့်တဲ့ designation ပဲဖြစ်ပါတယ်။


-----------------------------------------------------------------------------------------------


𝐖𝐡𝐚𝐭 𝐢𝐬 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭? 💭 💭

Project Management Professional (PMP®) ဆိုတဲ့ designation အကြောင်းကိုမပြောခင် ပထမဦးစွာ project management အကြောင်းကို ရှင်းပြချင်ပါတယ်။

Project management ဆိုတာ မိမိလိုချင်တဲ့အောင်မြင်မှု၊ လိုချင်တဲ့ achievement ကိုရဖို့ သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ အဖွဲ့အစည်းတစ်ခုကို ဦးစီးဦးဆောင်ပြုကာ ဆောင်ရွက်ရတဲ့ management တစ်ခုဖြစ်ပါတယ်။ project management လို့ပြောလိုက်ရင် အဓိကထားပြီး အောင်မြင်အောင်ဆောင်ရွက်ရမယ့် challenge ကတော့ သတ်မှတ်ထားတဲ့ constraints တွေထဲမှာဝင်ပြီး လုပ်ရမယ့် project ကိုပြီးအောင်လုပ်ဖို့ပါပဲ။ ဒီနေရာမှာ constraints ဆိုတာကတော့ ဒီ project ကိုပြုလုပ်မယ့် scope, time management, quality နဲ့ budget ပဲဖြစ်ပါတယ်။ မြင်အောင်ပြောရမယ်ဆိုရင်။ မိမိဟာ software company တစ်ခုမှာ project manager အနေနဲ့ တာဝန်ယူထားတဲ့ သူတစ်ယောက်ဆိုပါစို့။ customer တစ်ယောက်က အပ်ထားတဲ့ software တစ်ခုကို ကိုယ်က develop လုပ်ပေးရတော့မယ်ဆိုရင် မိမိအနေနဲ့ customer ကပေးထားတဲ့ deadline, budget နဲ့ သူလိုချင်တဲ့ scope အပေါ်မူတည်ပြီး quality ပြည့်မီတဲ့ software product မျိုးကိုထုတ်ပေးဖို့လိုပါတယ်။ ဒီလို software တစ်ခုကို ရရှိဖို့အတွက် ကိုယ့်ရဲ့ team မှာပါဝင်တဲ့ team members တွေကို ကိုယ်က manager တစ်ယောက်အနေနဲ့ သက်ဆိုင်ရာ tasks တွေ timeline တွေပေးပြီး manage လုပ်တတ်ရပါမယ်။ customer လက်ထဲကို မိမိ product အချိန်မှီနဲ့ perfect ဖြစ်အောင်ရောက်သွားနိုင်ဖို့အတွက် project management model အမျိုးအစားများစွာထဲက အဆင်ပြေရာကို သုံးပြီး အသေအချာ manage လုပ်တာက project management အနုပညာဖြစ်ပါတယ်။ အလားတူ construction project တွေမှာလည်း ထိုနည်းလည်ကောင်းပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းကြီး ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်ဖို့ project manager က plan တွေရေးဆွဲ ချမှတ်ရပါတယ်။ ဒါမှသာ သက်ဆိုင်ရာ ဝန်ထမ်းတွေ၊ အလုပ်သမားတွေက အသီးသီး တာဝန်တွေခွဲယူ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

-------------------------------------------------------------------------------------------------

𝘗𝘳𝘰𝘫𝘦𝘤𝘵 𝘔𝘢𝘯𝘢𝘨𝘦𝘮𝘦𝘯𝘵 𝘗𝘳𝘰𝘤𝘦𝘴𝘴 တွေကို group အနေနဲ့ ၅ခု ခွဲနိုင်ပါတယ်။

၁. 𝙄𝙣𝙞𝙩𝙞𝙖𝙩𝙞𝙣𝙜

ဒီအဆင့်ကတော့ project တစ်ခုအစပြုဖို့ project charter နဲ့ stakeholder (client) ကြားမှာ project စတင် register လုပ်တဲ့ အဆင့်ပဲဖြစ်ပါတယ်။ project အပေါ် vision တွေ mission တွေ၊ လိုအပ်တဲ့ document တွေ၊ အပြန်အလှန်သဘောတူညီချက်တွေ၊ milestone တွေ၊ budget တွေ သတ်မှတ်တဲ့ phase ပဲဖြစ်ပါတယ်။

၂. 𝙋𝙡𝙖𝙣𝙣𝙞𝙣𝙜

Planning phase မှာတော့ project ရဲ့ infrastructure ကိုစဆောက်ရပါမယ်။ initiating phase မှာ သတ်မှတ်ထားတဲ့ milestone တွေ budget တွေထဲဝင်အောင် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာတွေ plan ချတဲ့အဆင့်ပါ။ ဒီအဆင့်မှာ project scope တွေ၊ project management plan တွေ၊ work break-down structure လို့ခေါ်တဲ့ project planning ရဲ့ အသက်သွေးကြော တစ်ခုဖြစ်တဲ့ member တစ်ယောက်ချင်းစီတိုင်းရဲ့ individual tasks management ဖြစ်တဲ့ human resource and detailed roadmap၊ risk analysis and risk responses တွေထိပါပါဝင်တဲ့ structure တစ်ခုကို တည်ဆောက်ရတဲ့ phase ပဲဖြစ်ပါတယ်။

၃. 𝙀𝙭𝙚𝙘𝙪𝙩𝙞𝙣𝙜

ဒီ phase ကတော့ “where the rubber hits the road” ဆိုတဲ့အတိုင်း budget တွေစသုံးရပြီ၊ plan ခဲ့တဲ့အတိုင်း task တွေလုပ်ပြီး project deliverables တွေစထွက်တဲ့အဆင့်ပါ။ team development၊ stakeholder engagement တွေ၊ quality assurance activities တွေပါဝင်တဲ့ phase ဆိုလဲမမှားပါဘူး။

၄. 𝙈𝙤𝙣𝙞𝙩𝙤𝙧𝙞𝙣𝙜 𝙖𝙣𝙙 𝙘𝙤𝙣𝙩𝙧𝙤𝙡𝙡𝙞𝙣𝙜

အထက်မှာဆောင်ရွက်ခဲ့တဲ့အတိုင်း ဆက်လက်ဆောင်ရွက်ပြီး ပြီးသင့်သလောက် task တွေပြီးလို့ ပြင်ဆင်စရာရှိတာတွေလဲ ပြန်ပြင်ဆင်နေတဲ့အပိုင်းကို ရောက်နေပါပြီ။ မိမိ project က on-track ဖြစ်နေရဲ့လားစစ်ဆေးပြီး stakeholder ဖက်က ပြင်ဆင်ခိုင်းသည်များကို ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။

၅. 𝘾𝙡𝙤𝙨𝙞𝙣𝙜

Project ကိုနောက်ဆုံး stakeholder လက်ထဲအပ်တဲ့ အဆင့်ပါ။ ဒီအဆင့်မှာ project ကို stakeholder လက်ထဲအပ်ပြီးတာနဲ့ ဒီ project နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ team members တွေအကုန်လုံးကို close လုပ်လိုက်တော့မှာဖြစ်ပါတယ်။


-------------------------------------------------------------------------------------------------

💡💡𝘉𝘦𝘯𝘦𝘧𝘪𝘵𝘴 𝘰𝘧 𝘥𝘰𝘪𝘯𝘨 𝘗𝘔𝘗 𝘥𝘦𝘴𝘪𝘨𝘯𝘢𝘵𝘪𝘰𝘯 💡💡

၁. 𝘼𝙙𝙙𝙨 𝙫𝙖𝙡𝙪𝙚 𝙩𝙤 𝙩𝙝𝙚 𝙧𝙚𝙨𝙪𝙢𝙚

International recognized ဖြစ်တဲ့ certification တွေအများကြီးရှိတဲ့အထဲကမှ PMP designation က project manager role ကိုလိုချင်သူတွေအနေနဲ့ မိမိ resume ကို တန်ဖိုးတတ်စေမယ့် certification တစ်ခုပါ။

၂. 𝙋𝙧𝙤𝙫𝙞𝙙𝙚𝙨 𝙞𝙣𝙙𝙪𝙨𝙩𝙧𝙮 𝙧𝙚𝙘𝙤𝙜𝙣𝙞𝙩𝙞𝙤𝙣

PMP ဟာ universally recognition ဖြစ်တဲ့အတွက် ဘယ်နိုင်ငံ ဘယ်နေရာမှာပဲ အလုပ်လုပ်သည်ဖြစ်စေ၊ company တိုင်း organization တိုင်းက အသိအမှတ်ပြုခံရတဲ့ designation ပါ။ PMP ရဖို့ working experiences လိုအပ်သလောက်ရှိရမှာဖြစ်လို့ မိမိမှာ PMP designation ကိုကိုင်ထားပြီဆိုတာနဲ့ working experience track record ကိုပါ approve လုပ်ပေးပြီးသားဖြစ်ပါတယ်။

၃. 𝙃𝙚𝙡𝙥𝙨 𝙮𝙤𝙪 𝙡𝙚𝙖𝙧𝙣 𝙞𝙢𝙥𝙤𝙧𝙩𝙖𝙣𝙩 𝙨𝙠𝙞𝙡𝙡𝙨

အထက်မှာရှင်းပြခဲ့သလိုပဲ PMP designation ကိုရရှိဖို့ project ကို manage လုပ်ရမယ့် step တွေကို အစကနေ လေ့လာရမှာဖြစ်ပြီး knowledge and skills တွေကို ဖြည့်ပေးတာဖြစ်လို့ career development ပါဖြစ်စေပါတယ်။

၄. 𝘾𝙤𝙣𝙩𝙧𝙞𝙗𝙪𝙩𝙚𝙨 𝙩𝙤 𝙝𝙞𝙜𝙝𝙚𝙧 𝙞𝙣𝙘𝙤𝙢𝙚

Project managers တွေရဲ့ salary ဟာ market မှာ အရင်ထဲက higher salary ထဲမှာ ရှိတာမို့လို့ PMP designation က သင့်ရဲ့ လက်ရှိ income ထပ်ပိုများစေနိုင်ပါတယ်။

၅. 𝙋𝙧𝙤𝙫𝙞𝙙𝙚𝙨 𝙣𝙚𝙩𝙬𝙤𝙧𝙠𝙞𝙣𝙜 𝙤𝙥𝙥𝙤𝙧𝙩𝙪𝙣𝙞𝙩𝙞𝙚𝙨

PMI ကနေယခုချိန်ထိ PMP holders ဟာ တစ်ကမ္ဘာလုံးမှာ ၇သိန်းကျော် ရှိနေပါပြီ။ သင်ကိုယ်တိုင် PMP holder တစ်ယောက်ဖြစ်သွားပြီဆိုတာနဲ့ PMI member ဖြစ်သွားတာနဲ့ PMP holders တွေစုစည်းတဲ့ meetings တွေ activities တွေမှာပါဝင်နိုင်ပြီဖြစ်လို့ networking လည်းပိုကောင်းလာစေမှာပါ။

၆. 𝙑𝙖𝙡𝙞𝙙𝙖𝙩𝙚𝙨 𝙮𝙤𝙪𝙧 𝙙𝙚𝙙𝙞𝙘𝙖𝙩𝙞𝙤𝙣 𝙩𝙤 𝙩𝙝𝙚 𝙟𝙤𝙗

PMP designation ရရှိဖို့ project management leading role မှာ working experiences ၃နှစ်ရှိရမှာဖြစ်လို့ မိမိဟာ ဒီ project management field ထဲမှာ ကိုယ့်အလုပ်အပေါ် ဘယ်လောက် passion ရှိလဲဆိုတာပါ validate လုပ်ပြီးသားဖြစ်ပါတယ်။



161 views0 comments
bottom of page