top of page

𝐖𝐡𝐲 𝐲𝐨𝐮 𝐬𝐡𝐨𝐮𝐥𝐝 𝐬𝐭𝐮𝐝𝐲 𝐂𝐅𝐀 𝐏𝐫𝐨𝐠𝐫𝐚𝐦?

Updated: Jul 2, 2020

2015 ခုနှစ် Yangon Stock Exchange (YSX) ကိုစတင်ဖွင့်လှစ်ခဲ့တဲ့ အချိန်က စတင်ပြီး မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးစျေးကွက်ဟာ အရင်ကထက် ပိုပြီး တိုးတက်ဖွံ့ဖြိုးလာပါတယ်။ YSX မှာ listed လုပ်ထားတဲ့ ကုမ္ပဏီကလဲ အခုဆိုရင် (၆)ခုဖြစ်လာပြီဆိုတော့ investment market ဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီလို့ယူဆလို့ရပါတယ်။ ဒါ့အပြင် နိုင်ငံခြားကဝင်လာတဲ့ investment firm တွေ၊ insurance companies တွေ၊ foreign companies တွေပါပါလာတဲ့အတွက် investment field ထဲကိုဝင်ရောက်ချင်တဲ့ professionals တွေ၊ စိတ်ဝင်စားသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် finance ပညာရပ်ကို စနစ်တကျ လေ့လာ သင့်တဲ့ အချိန်ကောင်းပါပဲ။

Finance and investment professional designation တွေထဲကမှ ဘာလို့ Chartered Financial Analyst (CFA) Charter ကိုရွေးချယ်သင့်တာလဲ။ 🧐 🧐

𝗧𝗼𝗽 𝗚𝗹𝗼𝗯𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝘀 𝗮𝗻𝗱 𝗧𝗮𝗹𝗲𝗻𝘁𝘀

ပြောရရင် CFA ဟာ Finance and Investment လောကရဲ့ MBA လို့တောင် တင်စားပြီးခေါ်ဝေါ်နိုင်ပါတယ်။ ကမ္ဘာတစ်ခုလုံးမှာ အခုဆိုရင် 2015 ခုနှစ်ကနေစတင်ပြီး analysis လုပ်ကြည့်ရသလောက် ၂၀၁၉ ထိဆိုရင် တစ်နှစ်ကို ဖြေဆိုသူ ၃၅၄,၃၀၀ ထိ ရှိလာပြီး China, United States, India, Canada နဲ့ United Kingdom ကတော့ top five markets အနေနဲ့ ပါဝင်ပါတယ်။ အဲ့လို နှစ်စဉ်ဖြေဆိုသူ Candidates တွေထဲမှာမှ ၁၅၀,၀၀၀ နီးပါးသာ charteredholder ဖြစ်လာသေးတာမို့ CFA program ဟာ Selected ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ၂၀၁၇ ခုနှစ် research အရဆိုရင် ၆၈,၀၈၆ သော Level I ဖြေဆိုသူထဲမှာမှ ၄၃ရာခိုင်နှုန်းသာအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။


Source: annual report 2019 by CFA Institute

𝗚𝗼𝗹𝗱 𝗧𝗶𝗰𝗸𝗲𝘁 𝗳𝗼𝗿 𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁 𝗮𝗻𝗱 𝗙𝗶𝗻𝗮𝗻𝗰𝗲 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹𝘀

CFA လို့ ကြားလိုက်တာနဲ့ Finance & Investment Fields မှာ အလုပ်လုပ်ကိုင်လိုတဲ့သူတွေအတွက် Golden Ticket လို့ကို တင်စားရလောက်တဲ့အထိကို Investment Management Profession တွေအတွက် One of The Highest Distinctions ဖြစ်ပါတယ်။ ဒီလိုတင်စားရလောက်တဲ့အထိကိုလည်း CFA ရဲ့ Curriculum ဟာ အဆင့်အတန်းမြင့်သလို Professional တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ Real-World Skills နဲ့ Knowledge တွေပါ ပါတဲ့အတွက် အပြိုင်အဆိုင်များလွန်းတဲ့ Investment Industry အတွက် တကယ်ကို အဖိုးတန်ပါပဲ။


𝗖𝗼𝗺𝗽𝗿𝗲𝗵𝗲𝗻𝘀𝗶𝘃𝗲 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗳𝗼𝗿 𝗙𝗶𝗻𝗮𝗻𝗰𝗲 𝗔𝗿𝗲𝗮𝘀

CFA ရဲ့ curriculum မှာ topic (၁၀) မျိုး လေ့လာရမှာဖြစ်ပါတယ်။

🔹 Ethical and Professional Standards

🔹 Quantitative Method

🔹 Economics

🔹 Financial Reporting and Analysis

🔹 Corporate Finance

🔹 Equity Investments

🔹 Fixed Income

🔹 Derivatives

🔹 Alternative Investments

🔹 Portfolio Management and Wealth Planning

အထက်မှာ ဖော်ပြထားတဲ့အတိုင်း CFA Curriculum မှာ ပါဝင်တဲ့ Topic တစ်ခုချင်းစီကို ကြည့်လိုက်မယ်ဆိုရင် CFA Charter Holder တစ်ယောက်ဖြစ်ဖို့အတွက် Level ၃ခုလုံးမှာ Ethics နဲ့ Professional Standards တွေကို အောင်မြင်အောင် ဖြေဆိုနိုင်ရမှာပါ။ ဒီလို ethics ကို ထည့်ထားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ CFA Institute က Approved ပေးလိုက်တဲ့ Charter Holder တိုင်းဟာ ethics ကို တန်ဖိုးထားတဲ့ professional များဖြစ်ပါတယ်လို့ အာမခံပေးနိုင်ဖို့ပဲဖြစ်ပါတယ်။

နောက်ထပ် ဒီ Program မှာ Focus လုပ်ထားတာကတော့ Portfolio Management ပဲဖြစ်ပါတယ်။ သူ့ရဲ့ Curriculum မှာ ထဲကိုက Investment Field ထဲမှာ လုပ်ကိုင်လိုသူတွေအတွက် Investment Decisions တွေချနိုင်ဖို့ Knowledge တွေ၊ မိမိပိုင်ဆိုင်တဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံသင့်လဲဆိုတာတွေကိုဆုံးဖြတ်နိုင်ဖို့ အတွက် Skills တွေကို လေ့လာရမှာဖြစ်ပါတယ်။


𝗕𝗼𝗼𝘀𝘁 𝗬𝗼𝘂𝗿 𝗖𝗮𝗿𝗲𝗲𝗿 𝘄𝗶𝘁𝗵 𝗖𝗙𝗔 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗶𝗻 𝗠𝘆𝗮𝗻𝗺𝗮𝗿

Charter Holder တစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင်လဲ Level ၃ခုလုံးကို အောင်မြင်ဖို့လိုတဲ့အပြင် Working Experiences ကလည်း Finance Professional တစ်ယောက်အနေနဲ့ကိုမှ ၄နှစ်လိုပါတယ်။ Working Experiences ရော၊ Knowledge ရော၊ Skills ပါပြည့်ဝအောင် ဖြည့်ပေးနိုင်ပြီး Holder တစ်ယောက်ဖြစ်ဖို့လဲ မလွယ်ကူလှတဲ့အတွက် CFA Program ဟာနောက်ပိုင်း မြန်မာပြည်ဈေးကွက်မှာပါ Demand ပိုများလာနိုင်ပါတယ်။





57 views0 comments
bottom of page